Part 40

5.9K 352 36
                                    

"မာမီ....ကားကိုရပ်ပါလို့....သားကြောက်တယ်။ မာမီဘာတွေရှောက်လုပ်နေတာလဲ....မာမီ!!!!!"

"နင့်အပေါက်ကိုပိတ်ထားစမ်း!!!ငါလုပ်စရာလေးရှိရုံပဲ..…"

ဝေဟင်ကြောက်လွန်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။ မာမီကပန်ခြံတင်သွားမယ်ဆိုလို့လိုက်ပို့တာ။ နောက်ကြတက္ကစီတစ်စီးတွေ့တော့ ငှားပြီး မြို့ထဲစိတ်ပြေလက်ပျောက်ပတ်ကြည့်ချင်တယ်ဆိုလို့ ငှားလိုက်ကြတယ်။ ကားပေါ်စတက်တက်တဲ့အချိန် ဝေဟင်နဲ့ အနောက်မှာမထိုင်ပဲ ရှေ့မှာထိုင်ကတည်းက သတိထားမိလိုက်ရမှာကို ပေါ့ပျက်ပျက်နေမိလိုက်တာ။ နောက်ကျ မုန့်ဆိုင်တစ်ဆိုင်အရောက်ကားဆရာကို မုန့်ဆင်းဝယ်ပေးဖို့ပြောပြီး ကားဆရာက ဆင်းဝယ်ပေးပေးချင်း ကားကိုမာမီကိုယ်တိုင်‌ မောင်းပြီးထွက်ပြေးလာတယ်လေ။ ဝေဟင် ဘယ်လိုမှကားကို ရပ်ခိုင်းလို့လဲမရဘူး။ဘယ်ကိုမောင်းနေမှန်းလည်းမသိဘူး။ ရှိုင်းဆီကို ဖုန်းဆက်တော့လည်း အဲ့ဖုန်းကို လှမ်းဆွဲယူပြီး လမ်းမပေါ်လွှတ်ပစ်လိုက်တယ်။ ကြောက်တယ်။ ဝေဟင်တကယ်ကို ကြောက်နေပြီ။ မာမီက ဘာလို့ခုလိုတွေလုပ်နေရတာလဲဆိုတာကို နားမလည်တော့ဘူး။ ဝေဟင့်စိတ်ထဲမှာ ရှိုင်းကိုတနေမိတယ်။ ရှိုင်းရယ် ငါကြောက်တယ်........

__________________

[ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သက်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်....တီ....]

"ဟာ!"

ရှိုင်းခြေရာခံစက်အတိုင်း အမြန်လိုက်နေပေမယ့် ဖုန်းခေါ်လို့မရတာကြောင့်စိတ်တော်တော်ပူနေမိတယ်။ ပိုဆိုးတာက ‌ဟိုအဖွားကြီးက စိတ်ပုံမှန်မဟုတ်ဖူးဆိုတော့ တော်ကြာဝေဟင့်ကိုတစ်ခုခုလုပ်လိုက်ရင်....

"တောက်!"

ဝူး............

ရှိုင်း သူစီးနေတဲ့ဆိုင်ကယ်ကိုမိုင်ကုန်တင်လိုက်ပြီး အမြန်နှုန်းနဲ့မောင်းသွားလိုက်တယ်။ အန္တရာယ်ရှိတာတွေဘာတွေ ရှိုင်းမသိဘူး။ ခုချိန်မှာ ဝေဟင်ကအရေးကြီးဆုံးပဲ။ သူဝေဟင့်ကို လုံးဝအထိမခံနိုင်ဘူး.....
_________________

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now