Part 6

7.1K 339 105
                                    

ဒီနေ့ကိုကို့ ကိုထမင်းစားဖိတ်ထားတာမို့ ထိပ်တန်း မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်နေလိုက်တယ်။ တစ်အိမ်လုံးက သူ့ကို အထူးအဆန်း ကြည့်နေကြပေမယ့် သူကတော့ အရေးမလုပ်ဘူး။

ကြည့်ချင်ကြည့် မကြည့်ချင်နေ။ ကိုကို သူ့ကိုအထင်ကြီးဖို့က အရေးကြီးတယ်။

"Rue....ဒီနေ့မိုးရွာမယ်ထင်တယ်။"

အဲ့အသံက ဘယ်သူ့အသံဖြစ်မယ်ထင်လဲ။ ဖေဖေ့အသံပဲပေါ့။ မနက်ထဲက ထမင်းစားပွဲမှာ ထိုင်ပြီး သူ့ကို စောင်းချိတ်ပြောနေတာလေ။ ခုထိ အဲ့က မထသေးဘူး။

"ထိပ်တန်း သားဟင်းအိုးက တူးနေသလိုပဲ"

Rue ကြည့်နေရင်း မနေနိုင်တော့ ဝင်ပြောရပြီ။ သားလေးက တစ်ခါမှ ထမင်းဟင်းချက်ဖူးတာ မဟုတ်ဘူး။ ခုမှမီးဖိုထဲဝင်ပြီး ငါးဟင်းချက်နေတယ်တဲ့လေ။ မနက်ထဲက အဲ့ငါးသေးသေးလေးတွေ ချက်ဖို့ လုပ်နေတာ ခုထိဟင်းအိုးက မီးဖိုပေါ်က မချရသေးဘူး။ ခုလည်း တူးနံ့ရလာလို့ သားလေးကို သတိလှမ်းပေးရသေးတယ်။

"မဟုတ်ဘူး ပါးပါးရဲ့ အဲ့တာ ငါးအိုးကပ်ချက်နေတာ ကိုကိုက တူနံ့လေးပါမှ ပိုကြိုက်တာ..."

"ထင်သားပဲ။ ငါတို့အတွက်ဆို ကြက်ဥတောင်မပြုတ်ပေးတဲ့ကောင်။"

သုတ ထင်တဲ့ အတိုင်းပါပဲ။ ဒီကောင် အချိုးတွေ ပြောင်းနေတာ။ ငယ်ငယ်တည်းက လပြည့်အပေါ် ရှေ့မလွတ်နောက်မလွတ်တွေ ပြောတက်တဲ့ကောင်။ ခုပြန်လာတာ နှစ်ရက်မပြည့်သေးဘူး ဇာတ်လမ်းက စတော့မယ်။

"ငါမင်း ခြေလှမ်းတွေကို သိနေတယ်နော် ထိပ်တန်း....မျက်နှာ ပျက်ရအောင်မလုပ်နဲ့..."

"ဖေဖေကလည်း...."

ကိုယ်ပြောလိုက်တာနဲ့ ရှက်သလိုလို ရွံ့သလိုလိုနဲ့ သူ့ဂုတ်သူပွတ်ပြီး ပြုံးဖြီးဖြီးပြောလာတဲ့ကောင်က ကိုယ့်သားရော ဟုတ်ရဲ့လား အောက်မေ့ရတယ်။

"သုတ! ထိပ်တန်း ဘာလုပ်လို့လဲဟင်....ဘယ်ခြေလှမ်းလှမ်းတာလဲ...ဘာမျက်နှာပျက်တာလဲ...."

မျက်လုံးပြူး မျက်စံပြူးနဲ့ အလောတကြီး မေးလာတဲ့ Rue ကြောင့် သုတမှာဘာဖြေရမှန်းတောင်မသိတော့ဘူး။

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now