"အဲ့ဒါဆိုမောင်သွားတော့မယ်နော်...."
"အွန်း...ဂရုစိုက်နော်..."
"စိတ်ချ မောင်ကစွမ်းအားရှင်လေ...."
"မောင်ကတော့လေ ပေါတောတောနဲ့...."
"ကဲ မောင်သွားပြီ။ ညကြဖုန်းဆက်လိုက်မယ်...."
"အွန်း...."
"code 1 သွားမယ်...."
"ဟုတ်ကဲ့ သခင်လေး..."
နေသစ် အရင်ကလည်းနယ်ဘက်ကို ခရီးထွက်နေကြဆိုပေမယ့် ဒီတစ်ခါတော့ Rue ကို နှုတ်ဆက်နေရင်း စိတ်ထဲလေးနေမိတယ်။ ဘာပဲဖြစ်ဖြစ် ဒယ်ဒီနဲ့ ရှိုင်းကအိမ်မှာအချိန်ပြည့်ရှိနေမှာဆိုတော့ အရမ်းကြီးစိတ်ပူစရာတော့မလိုပါဘူး.......
-
-
-
"ကိုကို......"ထိပ်တန်း သူ့ကိုတောင် မနှိုးပဲ မျက်နှာသစ်၊သွားတိုက်၊ရေမိုးချိုးပြီး လုပ်ချင်ရာလုပ်နေတဲ့ ကိုကို့ကို ကြည့်ပြီး စိတ်ဆိုးမိတယ်။ သူ့ကို အရေးမလုပ်တာလား။ သူမနေ့ကပြောပြီးပြီလေ။ မေသွန်းဆက်ကို လက်မထပ်ပါဘူးလို့.......
"ကိုကို......"
ကိုယ်အကြိမ်ကြိမ်ခေါ်နေပေမယ့် လှည့်တောင်မကြည့်တဲ့ ကိုကို့ကြောင့် ထိပ်တန်းစိတ်မရှည်တော့ဘူး။ သူဒီနေ့ အစည်းအဝေးတက်ရမှာမို့ သူ့ကိုနှိုးဖို့ညထဲက ပြောထားတာကို ခုမနက်ကြအရေးတောင်မလုပ်ဘူးလေ။ ကိုယ့်ဟာကိုယ်နိုးလာလို့တော်သေးတယ်.....
"ကိုကို....ဘာဖြစ်နေတာလဲဗျာ....."
လပြည့် ထိပ်တန်းရဲ့အသံကို မကြားချင်ယောင်ဆောင်နေပေမယ့် ဆက်တိုက်မရပ်မနား လိုက်ခေါ်နေတာကြောင့် လပြည့်လည်း တော်တော်လေးကို စိတ်ရှုပ်လာတယ်။ သူ့အကြောင်းမတွေးမိအောင် ကိုယ့်ဟာကိုယ်နေလည်း ပြဿနာမဖြစ်ဖြစ်အောင်လိုက်ရှာနေတာမလား.....
"ကိုကို!..."
ထိပ်တန်း အိပ်ရာပေါ်ကနေဘယ်လောက်ပဲခေါ်နေပါစေ လှည့်မကြည့်တာကြောင့် ကုတင်ပေါ်ကဆင်းပြီး အဝတ်အစားတွေထုတ်နေတဲ့ ကိုကို့ရဲ့ နောက်ကျောကနေ သိမ်းကျုံးဖက်ထားလိုက်တယ်....
"ကိုကို......"
"ထိပ်ထိပ်...လွှတ်!"
"ကိုကိုကလည်း ချစ်လို့လေဗျာ...."
YOU ARE READING
Love Blaze { အချစ်မီးလျှံ } [ Season 2 ]
Romance_မှားယွင်းနေတဲ့ရင်ခုန်သံတွေက နှလုံးသားကိုပိုပြီးနာကျင်စေတယ်။ _တစ်ခါတစ်လေမှာ အချစ်က လူတစ်ယောက်ကို ဗီလိန်အဖြစ်ပြောင်းလဲစေနိုင်တယ်။ _ငါတို့ရဲ့ မှာယွင်းတဲ့အချစ်တွေကတော့ ခပ်ပြင်းပြင်း တောက်လောင်နေတဲ့ မီးတောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ........