Part 19

5.1K 240 106
                                    

"ထိပ်ထိပ်.....ကိုကိုလေ...."

"အခန်းထဲမှာပဲ ပြောကြမယ်...."

"အင်းပါ..."

ဆေးရုံကအပြန် ကားပေါ်မှာထဲကစကားတစ်ခွန်းမှ မပြောတဲ့အပြင် ခုလည်း အခန်းထဲရောက်မှ ပြောမယ်ဆို‌တာကြောင့် ထိပ်ထိပ်ရဲ့ အနောက်ကနေပဲ တိတ်တဆိတ်လိုက်သွားလိုက်တယ်.....

လပြည့် ငိုချင်စိတ်ပေါက်နေပေမယ့် ထိန်းထားလိုက်တယ်။ ငိုနေလို့ ပြီးသွားမှာမှ မဟုတ်တာပဲ။ ပြီးတော့ ကိုယ်က အကြီးပဲမလား။ အငယ်ရှေ့မှာ မျက်ရည်ခံထိုးနေတာကတော့ မဟုတ်သေးပါဘူး....

ဂျောက်!

"ထိပ်ထိပ်...."

"ကျွန်တော့်ကို ချစ်လား...."

"ဟမ်!"

"ချစ်လားလို့...."

"ကိုကို....ဟို...."

လပြည့်မှာ ထိပ်ထိပ်ရဲ့မေးခွန်းအတွက် အဖြေမရှိဘူး။ သူထိပ်ထိပ်ကို ယူလိုက်ရတာကလည်း ထိပ်ထိပ်က သူ့ကို တစ်သက်သာအမှတ်အသားပေးလိုက်လို့သာ ယူလိုက်ရတာ။ ထိပ်ထိပ်နားမှာ နေရရင် နွေးထွေးသလိုခံစားရတယ်။ အန္တရာယ်ကင်းသလိုခံစားရတယ်။ တစ်ခါတစ်လေကြလည်း ရင်ခုန်မိတယ်။ ဒါပေမယ့် အဲ့ခံစားချက်တွေက အချစ်လို့ခေါင်းစဉ်တပ်ရလောက်တဲ့ထိမှ မခိုင်မြဲတာ.....

"ဟက်! အဖြေမရှိဘူးပဲ....သူ့ကိုရောချစ်လား..."

"အဲ့တာတွေက ပြီးပြီးသားတွေပါ။"

ထိပ်ထိပ်ရဲ့ စကားက ဘယ်ဘူတာကိုဆိုက်တော့မလဲဆိုတာ ရိပ်မိလိုက်တာကြောင့် လပြည့်အမြန်ပဲငြင်းလိုက်တယ်။

"ကျွန်တော်မေးနေတာက သူ့ကိုချစ်လားလို့ မေးတာ...အော် sorry ခုလိုကြီးဒဲ့မေးတော့ ဘယ်ဖြေချင်မလဲ မေးခွန်းပြောင်းမေးမယ်။ သူ့ကိုချစ်ခဲ့ဖူးလား....."

လပြည့်အတွက် ထိပ်ထိပ်ရဲ့မေးခွန်းက တကယ်ကိုဂျောင်ပိတ်စေတယ်။ ဘာပဲဖြစ်ဖြစ် သူထပ်မဖုံးကွယ်ချင်တော့ဘူး။ တစ်ခါတည်းရှင်းကြတာ ပိုကောင်းတာပေါ့....

"ကိုကို....သူ့ကိုချစ်ခဲ့ဖူးတာပါ။ ချစ်နေတာမှမဟုတ်ပဲ။ အတိတ်က အတိတ်‌မှာလေ...."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now