Part 42

5.5K 331 36
                                    

သတိဝင်လာလာချင်း မျက်လုံးအစုံကိုအချိန်ယူကာ ဖြည်းဖြည်းချင်းအသာဖွင့်လိုက်တာနဲ့ ဝေဝေဝါးဝါးမြင်လိုက်ရတဲ့ လူပုံရိပ်အချို့နဲ့အတူ နံရိုးနားကနာကျင်မှု၊ လည်ပင်းကစပ်ကစလို့ပုခုံးနောက်ကျောနေရာထိ တဆစ်ဆစ်ကိုက်ခဲနေတဲ့နာကျင်မှုတွေက ဆီးကြိုနေခဲ့တယ်..........

"ရှိုင်းသတိရလာပြီ ဖေဖေ....."

ထိပ်တန်း မျက်တောင်တို့ကို တဖြည်းဖြည်းခတ်ကာ သတိရလာတဲ့ ညီဖြစ်သူကြောင့် လူကြီးတွေကို သတိအမြန်ပေးလိုက်တယ်....

"သား......အဟင့်...ဖေဖေ ဘယ်လောက်ထိစိတ်ပူရလဲဆိုတာ သားသိရဲ့လား...သားရယ် အဟင့်...."

"ကလေးကို ရေအရင်တိုက်လိုက်ဦးသုတ..."

"ဟုတ်ကဲ့ ဦး....."

ရှိုင်း အဖေဖြစ်သူနှုတ်ခမ်းနားတေ့ပေးလာတဲ့  ပိုက်ကို ခပ်ဖွဖွစုပ်ကာရေနည်းနည်းဝင်အောင်သောက်လိုက်တယ်။ ခုမှပဲ အာခေါင်ချောက်တာသက်သာသွားတော့တယ်။ ပုံမှန်ဆို သတိရလာရင် ပက်လက်ဖြစ်နေရမှာဆိုပေမယ့် ခုတော့ဘေးစောင်းကြီးမို့ ဘယ်ဘက်ခြမ်းတလုံးက ထုံကျင်နေတယ်........

"အာ့!....."

"သားအနောက်မလှန်လိုက်နဲ့...သား‌ညာဘက်ဂုတ်က......ဟို...."

ရှိုင်း အဖေဖြစ်သူရဲ့ စကားကြားမှ သူ့ကိုယ်သူသတိထားမိတယ်။ သူသတိရလာတော့ ခန္ဓာကိုယ်က ပက်လက်မဟုတ်ပဲ‌ဘေးစောင်းကြီး‌ဖြစ်နေတာမလား။ ဘယ်လိုဖြစ်တာလဲ..........

"အာ့!...ကျွန်တော်...ထိုင်မလို့...."

"အော်အေးသား....ဒယ်ဒီထူပေးမယ်..."

"သားရယ် ဖေဖေဘယ်လောက်ထိစိတ်ပူခဲ့ရလဲ သိရဲ့လား...အဲ့မီးထဲမှာ သားအစား ဖေဖေသာ ဝင်နေလိုက်ချင်တော့တယ်....."

ရှိုင်း နာကျင်မှုအချို့ကိုအံတုကာ ဖြည်းဖြည်းချင်းထထိုင်လိုက်တယ်။ သူ့ညာဘက်ဂုတ်ကတော်တော်စပ်ပြီး တစ်ဆစ်ဆစ်ကိုက်နေတာ။ ရှိုင်း နာကျင်မှုကြောင့် ဂုတ်ကိုကိုင်ကြည့်မလို့လုပ်နေရင်း စိတ်ထဲမှာ တစ်စုံတစ်ခုကိုသတိရသွားတယ်။ သူက မီးထဲက အသက်ရှင်လာတာဆိုရင်....ဝေဟင်....ဝေဟင်ရော....

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now