"ဒီမှာနေခဲ့ကြနော်.....ဒေါက်တာ သူရဲ့ကိုယ်ဝန်အပြင် သွေး၊ဆီး အကုန်လုံးစစ်ပေးပါ...."
"ရှင်! အဲ့တာတွေက လိုအပ်လို့လား...."
ဒေလီယာ ထိုအဖိုးကြီးရဲ့ စကားကြောင့် ကြောင်နေမိတယ်။ ဘာလို့တစ်ကိုယ်လုံးကို အကုန်လျှောက်စစ်ခိုင်းနေရတာလဲ....
"လိုအပ်တာပေါ့...."
"ဒါပေမယ့် ကျွန်တော့်အမက..."
"အော် ဟုတ်သားပဲ ဒီကလေးကိုမေ့နေတာ သူ့ကိုပါအကုန်စစ်ဆေးလိုက်ပါ...."
"ဗျာ!"
"ခနလေး မောင်လေးကပါ..."
ဒေလီယာနဲ့ ဟိန်းမင်းတစ်ယောက်ကိုယ်တစ်ယောက်ကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေမိတယ်။ ခုက ဘာတွေဖြစ်နေတာလဲ.....
"ကဲ ကဲ ဒီမှာ နေခဲ့ကြနော်....ဒေါက်တာ ကျွန်တော့်တူနဲ့တူမလေးကို သေချာစစ်ဆေးပေးပါနော်....အော် ကောင်မလေးကိုယ်ဝန်က ကျွန်တော်တို့လာမှစစ်ဆေးပေးပါ။ အခြားဟာတွေအရင်စစ်ဆေးပေးလိုက်ပါ..."
"စိတ်ချပါ ဦးဝဏ္ဏမင်း....."
"ခွင့်ပြုပါဦး ဒေါက်တာ.....ထိပ်တန်း ဘဘ သန့်စင်ခန်းသွားချင်လို့တွဲပေးပါဦး။ ဘဘကအသက်ကြီးနေပြီဆိုတော့ သိပ်လမ်းလျှောက်လို့ မကောင်းတော့ဘူး...."
"ဗျာ! ဟုတ်ကဲ့...."
ထိပ်တန်း အိမ်မှာကတည်းက ဘဘရဲ့ပုံစံထူးခြားနေတာကို သတိထားမိခဲ့တာ။ ဘဘ ဘာတွေကြံစည်နေတာလဲဆိုတာ ဘဘကလွဲဘယ်သူမှသိနိုင်မှာမဟုတ်ဘူး။ တကယ်ပဲ ဘဘ ဘာတွေကြံစည်နေတာလဲ.....
"ဘဘ...ဟို...ကျွန်မတို့က....."
ဒေလီယာ ထွက်သွားတဲ့ မြေးအဖိုးကို လှမ်းခေါ်မလို့ လုပ်ပေမယ့် လှည့်တောင်မကြည့်ကြဘူး....
"လာကြလေ နှစ်ယောက်လုံးအရင်သွေးစစ်မယ်နော်လာကြ...လာ ဒေါက်တာ့နောက်လိုက်ခဲ့...."
"မမ....."
မောင်ဖြစ်သူက ကိုယ့်နာမည်ကိုအားကိုးတကြီးခေါ်ပေမယ့် ခုအခြေအနေမှတော့ ဒေလီယာကိုယ်တိုင်လည်း ဘာလုပ်နိုင်တော့မှာလည်း။ ကိုယ်စတဲ့ဇာတ် ကိုယ့်ဟာကိုယ်ကြည့်ကရတော့မှာပါပဲ.......
-
-
-
"ဘဘ! ဘဘပြောတော့ သန့်စင်ခန်း...."
YOU ARE READING
Love Blaze { အချစ်မီးလျှံ } [ Season 2 ]
Romance_မှားယွင်းနေတဲ့ရင်ခုန်သံတွေက နှလုံးသားကိုပိုပြီးနာကျင်စေတယ်။ _တစ်ခါတစ်လေမှာ အချစ်က လူတစ်ယောက်ကို ဗီလိန်အဖြစ်ပြောင်းလဲစေနိုင်တယ်။ _ငါတို့ရဲ့ မှာယွင်းတဲ့အချစ်တွေကတော့ ခပ်ပြင်းပြင်း တောက်လောင်နေတဲ့ မီးတောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ........