ထိပ်တန်းကိုကို့ကို မတွေ့တာ တစ်ပတ်လောက်ရှိနေပြီ။ ကျောင်းပိတ်ရက်တုန်းက သွားတော့လည်း ကိုကိုက သူ့ကိုရှောင်နေသလို ကျောင်းဖွင့်ရက်ကြလည်း သူကိုယ်တိုင်က မအားဘူး။ ခုလည်းကျောင်းဆင်းပြီမို့ ဟိုဘက်အိမ်ဘယ်လို သွားရမလဲ အကြံထုတ်နေတာ။ သွားပြီး ကိုကို့ကို မတွေ့ရင်လည်း အလကားခြေထောက်ညောင်းတာပဲ အဖက်တင်မယ်။ ကိုကိုက အိမ်ကြီးထဲမှာ ဘယ်လိုပတ်ရှောင်နေမှန်းကိုမသိဘူး။ အရိပ်အယောင်တောင်မတွေ့ရဘူး......
"ကိုကို!!!!တံခါးဖွင့်ပေးလို့....."
ထိပ်တန်းဘေးက အော်သံကြားမှလှည့်ကြည့်မိတယ်။ ကလေးတွေတောင် ကျောင်းဆင်းလာပြီပဲ။ သူဒီတစ်ပတ်လုံးကားနဲ့ပဲ ကျောင်းသွားရတယ်။ ဖေဖေက ဟိုညကကိစ္စကြောင့် သုံးယောက်လုံးရဲ့ ဆိုင်ကယ်ကို ဂိုထောင်ထဲ ထည့်သိမ်းထားတယ်လေ။ ဝေဟင်ကလည်း ကားနဲ့သွားမှန်းသိတာနဲ့ နေ့တိုင်းသူတို့နဲ့ လိုက်လာတာ.....
"ဟိုဘက်နည်းနည်းတိုးပေးဦး...."
"အကျယ်ကြီးကို ဘာကိစ္စငါက တိုးပေးရမှာလဲ..."
"မင်း!!!"
ဝေဟင်က ရှိုင်းဆိုတဲ့ကောင်နဲ့ အနောက်ခန်းမှာတူတူထိုင်ရတာမို့ နေ့တိုင်းရန်ဖြစ်နေရတယ်။ ခုလည်း အလယ်ခေါင်ကြီးမှာ ထိုင်နေတော့ ကိုယ်က ချောင်ထဲညက်နေလို့ နည်းနည်းတိုးခိုင်းတာကို မတိုးပေးဘူး။
တကယ့် လူ့ဂွစွာ။"ကဲကဲ အနောက်ကနှစ်ယောက် ရန်မဖြစ်ကြပါနဲ့ ကျွန်တော်မျိုးမှာ သတင်းကောင်းပါလာပါတယ်။"
"ဘာသတင်းလဲ ရှိန်း...မင်းကို ရုံးခန်းခေါ်တဲ့ ကိစ္စလား..."
ဝေဟင်သိချင်တာကြောင့် ရှိန်းကို အမြန်ပဲ မေးလိုက်တယ်။ ကျောင်းပွဲတွေ ဘာတွေများလား.......
"မပြောဘူး အိမ်ကျမှဖေဖေတို့ကိုအရင်ပြောမှာ...."
"မင်းကလည်း ငါသိချင်လို့ပါဆိုနေ....."
"No... No... No...မပြောဘူး...."
"အဲ့တာနဲ့များ ပြောမလိုလိုဘာလိုလိုနဲ့ အာချောင်လိုက်သေးတယ်။"
"ဟဲ့ရောင် မင်းကိုပြောလို့လား ငါ့ဟာငါ ဝေဟင်နဲ့ပြောနေတာ မင်းကမှ ဝင်အာချောင်နေတာ...."
YOU ARE READING
Love Blaze { အချစ်မီးလျှံ } [ Season 2 ]
Romance_မှားယွင်းနေတဲ့ရင်ခုန်သံတွေက နှလုံးသားကိုပိုပြီးနာကျင်စေတယ်။ _တစ်ခါတစ်လေမှာ အချစ်က လူတစ်ယောက်ကို ဗီလိန်အဖြစ်ပြောင်းလဲစေနိုင်တယ်။ _ငါတို့ရဲ့ မှာယွင်းတဲ့အချစ်တွေကတော့ ခပ်ပြင်းပြင်း တောက်လောင်နေတဲ့ မီးတောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ........