Part 26

5.6K 321 154
                                    

"ဒါဆို အိမ်ထဲကိုယ့်ဘာသာကိုယ်ဝင်လိုက်ကြတော့နော် ဘဘနောက်ရက်မှ ဒီအိမ်ဘက် လာခဲ့တော့မယ်...."

"ဟုတ်ကဲ့ ဘဘ"

"ဘဘ ‌ကောင်းကောင်းပြန်ပါရှင့်...."

မြေးဖြစ်သူကို နှုတ်ဆက်နေ‌ချိန် မျက်နှာချိုသွေးပြီး ဝင်နှုတ်ဆက်နေတဲ့တစ်ယောက်ကို ဦးဝဏ္ဏမင်းလည်း မျက်နှာချိုသွေးကာ ပြန်နှုတ်ဆက်လိုက်တယ်။

"အော်....အေးပါ။ ထိပ်တန်း ငါ့မြေးမလေးကိုသေချာဂရုစိုက်ပေးလိုက်နော်။ နည်းနည်းလေးတောင်အပွန်းအပဲ့မခံနဲ့။ ဘဘသွားပြီနော်....."

"ဟုတ်ကဲ့...."

ထိပ်တန်းအဖိုးဖြစ်သူကို နှုတ်ဆက်ပြီးတာနဲ့ မေသွန်းဆက်တို့မောင်နှမနဲ့အတူ အိမ်ထဲဝင်လာလိုက်တယ်။

"သွားနားတော့နော်....ကျွန်တော်လည်းသွားတော့မယ်......"

"ဟို...."

ထိပ်တန်းအပေါ်ထပ်တက်မလို့ လုပ်နေတုန်း မေသွန်းဆက်က လက်ကအင်္ကျီစကိုလှမ်းဆွဲတာကြောင့် ထိပ်တန်းလှည့်ကြည့်လိုက်တယ်။

"ပြောစရာရှိလို့လား....."

"ဟို.....ကျွန်မပြောသင့်မပြောသင့် သိပ်မသိပေမယ့် ကိုယ်ဝန်ရင့်လာလို့ ဗိုက်ထွက်လာတဲ့အခါ ကျွန်မမှာတရားဝင်လက်ထပ်ထားတာမျိုးမရှိဘူးဆိုရင် လူတိုင်းကလက်ညှိုးဝိုင်းထိုးကြမှာ...အဲ့တာကြောင့်....."

"ကျွန်တော်လည်း စဉ်းစားနေပါတယ်။ အဲ့ကိစ္စအတွက်ဆိုရင်တော့ စိတ်ပူစရာမလိုပါဘူး....."

"ဟုတ်ကဲ့ ကျေးဇူးပါရှင့်...."

"ရပါတယ်။ ခွင့်ပြုပါဦးနော်...."

"ဟုတ်ကဲ့...."

ဒေလီယာ ထိပ်တန်းမဟာကိုမြင်တိုင်း တကယ်ကိုလူရွေးမှန်သွားသလိုခံစားရတယ်။ သူထင်ခဲ့တာက တော်တော်လှည့်စားရခက်ပြီး ဝင်အောင်းရတာလည်းခက်မယ်လို့ထင်ခဲ့တာ။ ခုတော့အထင်နဲ့အမြင်ကတက်တက်စင်အောင်လွဲတော့တာပဲ။

ခန်ညားခက်ထန်ပုံပေါ်တဲ့ အသွင်အပြင်အောက်မှာ နူးညံ့တဲ့နှလုံးသားလေးကိန်းအောင်းနေတာမျိုး။ တစ်နိုင်လုံးရဲ့ အချမ်းသာဆုံးမိသားစုထဲက ဆင်းသက်လာတဲ့အပြင် ဘယ်သူနဲ့ယှဉ်ယှဉ် ချောမောခန့်ညားနေတဲ့မျက်နှာမျိုးနဲ့ မော်ဒယ်တွေထက်တောင် မြင့်မားတဲ့အရပ်နဲ့တောင့်ဖြောင့်နေတဲ့ ခန္ဓာကိုယ်မျိုး.......

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now