"သခင်ကြီး။ခနနေ လေယာဉ်ဆိုက်တော့မှာပါ..."
"ငါသိတယ်..."
"ဟို....."
"မိုက်ကယ်...ပြောစရာရှိရင်ပြောလိုက်...."
"ဟုတ်ကဲ့..."
မိုက်ကယ် ပြောသင့်မပြောသင့် အကြိမ်ကြိမ်စဉ်းစားခဲ့ပေမယ့် ပြောမှကို ဖြစ်မယ့်အခြေအနေမို့ ပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
"ကျွန်တော်ပြောချင်တာက ထိပ်ထိပ်လေးကို မြှောက်ပေးတာမျိုး မလုပ်ပါနဲ့လား...သုတနဲ့ ပြဿနာထပ်ဖြစ်ရင် ဦးသူရိန်မဟာပါ ပါလာမှာ နေသစ်ကလည်း ပြဿနာထရှာနေဦးမယ်..."
"ဟိုက ဘာကိစ္စတိုင်ပင်မှန်းတောင်မသိပဲ ဘာတွေ တားနေတာတုန်း..."
"ဟို......"
"ဘာမှ စိတ်ပူမနေနဲ့ ငါဒီည ငါ့မြေးနဲ့ club သွားမှာ အိမ်မှာမအိပ်ဖြစ်ဘူး...."
"ဟုတ်ကဲ့...."
"နာနေသေးလား..."
"ဗျာ သခင်ကြီး..."
"ညက နည်းနည်းကြမ်းသွားလို့လေ...."
"အာ...မနာတော့ပါဘူး သက်သာပါတယ်..."
"ပြီးတာပဲ..."
ငါ့မြေး ထိပ်တန်းက ဘာတွေတိုင်ပင်ချင်နေတာပါလိမ့်။ အချစ်ရေးအကြောင်းများလား။အချစ်ရေးသာဆိုရင် ဟိုကောင်လေးပြန်ရောက်နေတာလား။
_________________
"သားပြောတာကဗျာ ဒီအနွေးထည်ကြီး မထည့်ချင်ဘူးပဲပြောတာ အဲ့တာကို သပ်သပ်မဲ့ လာဆူနေတာပဲ..."
ရှိန်း camp ဝင်တဲ့နေရာက အေးပေမယ့် အေးတာကြိုက်လို့ အနွေးထည်ကြီးတွေ မထည့်ချင်ပါဘူးဆို အတင်းတွေ ထည့်ပေးနေကြတယ်။ သယ်ရမှာလေးတယ် လျှော်ရမှာလည်းပျင်းတယ်။
ဖြောင်း!!!!
"အားးးးးဒယ်ဒီ!!!!!သားခေါင်းနာသွားပြီ ဗြဲ!!!!"
"သုတရယ် ကလေးကို လက်မပါပါနဲ့..."
"ဦးသားက အချိုးမှ မပြေတာ လုပ်နေတဲ့ပုံကြည့်ပါလား ကလေးလိုလိုခွေးလိုလိုနဲ့ ဖြဲရဲအော်နေတာ မျက်ရည်က တစ်စက်မှ မထွက်ဘူး။ မင်းလိုကောင်နဲ့ ရတဲ့သူကတော့ ရူးရင်ရူးမရူးရင် တောထွက်သွားလိမ့်မယ်..."
YOU ARE READING
Love Blaze { အချစ်မီးလျှံ } [ Season 2 ]
Romance_မှားယွင်းနေတဲ့ရင်ခုန်သံတွေက နှလုံးသားကိုပိုပြီးနာကျင်စေတယ်။ _တစ်ခါတစ်လေမှာ အချစ်က လူတစ်ယောက်ကို ဗီလိန်အဖြစ်ပြောင်းလဲစေနိုင်တယ်။ _ငါတို့ရဲ့ မှာယွင်းတဲ့အချစ်တွေကတော့ ခပ်ပြင်းပြင်း တောက်လောင်နေတဲ့ မီးတောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ........