ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ

3.9K 265 79
                                    

{ အကောင်းမြင်စိတ်နဲ့အဆိုးမြင်စိတ် }

ယံယံ ဒီနေ့ပြောချင်တာက အကောင်းမြင်စိတ်နဲ့ အဆိုးမြင်စိတ်အကြောင်းပါ။ယံယံအဲ့စကားလုံးနှစ်လုံးကို စတင်နားလည်လာတဲ့အချိန်က ဒီနှစ်2024 နှစ်စမှာပါ။

ပထမဆုံးအနေနဲ့ ယံယံက အသက်ဆယ့်ခြောက်နှစ်ကျော်အရွယ်မှာ အဖိုးကိုဆုံးရှုံးခဲ့ပါတယ်။ သူများတွေတော့မသိပေမယ့် ယံယံ့အတွက် ယံယံ့အဖိုးက တန်ဖိုးအရှိဆုံးသောလူသားပါ။ ဘယ်သူမှယံယံ့အဖိုးကိုယှဉ်လို့မရပါဘူး။ ခုချိန်မှာ ဘယ်သူ့ကိုအချစ်ဆုံးလည်းမေးရင်တောင် "ဘဘ" ဆိုတဲ့နာမ်စားလေးကိုပဲသုံးမိနေဦးမှာပါ။ ယံယံအဖိုးကိုဆုံးရှုံးခဲ့တဲ့အဲ့အချိန်ကစပြီး ယံယံကအဆုံးမရှိမှောင်မဲနေတဲ့ ချောက်နက်ကြီးထဲကို စတင်ပြုတ်ကျခဲ့ပါတယ်။

2020 ခုနစ်မှာ ဆယ်တန်းဖြေဆိုခဲ့တယ်။ ဆယ်တန်းစာ‌မေးပွဲဖြေပြီး တစ်လအကြာမှာ အဖိုးဖြစ်သူ( ဘဘ )ကို ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ကစပြီး အိမ်ရဲ့ဝေယျာဝစ္စတွေက ယံယံ့‌အပေါ်ပြုံကျလာခဲ့ပါတယ်။ အဖိုးရှိတုန်းက ထမင်းအိုးတောင်ခလုပ်မနှိပ်တက်တဲ့ယံယံက မီးဖိုချောင်တစ်ခုလုံးရဲ့ တာဝန်ကို စတင်ထမ်းရပါတယ်။ အချို့တွေအတွက်တော့ အဲ့တာက ဘာမှမဟုတ်ခဲ့ပေမယ့် ယံယံ့အတွက်တော့ တော်တော်ကိုပြာယာခက်စေခဲ့တာပါ။ နောက်အချိန်နည်းနည်းအကြာမှာ အောင်စာရင်းထွက်လာတယ်။ ယံယံက ဂုဏ်ထူးတစ်ဘာသာနဲ့‌အောင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့နေ့ကအိမ်ကနေချီးကျူးမှုကို တစ်စက်မှမရခဲ့ပါဘူး။ ချီးကျူးမှုအစား ဝေဖန်မှုတွေတော့ လနဲ့ချီပြီးရခဲ့ပါတယ်။ သူတို့မျှော်လင့်ထားတာနဲ့အရမ်းကွာခဲ့လို့ပါ။ အမှတ်ကတော့မဆိုးပါဘူး။ နောက်ကျ စီးပွားရေးတက္ကသိုလ်မှီတာမို့ တက္ကသိုလ်တက်ဖို့ပြောခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့အချိန်ကဖြစ်ပေါ်နေတဲ့အခြေအနေအချို့ကြောင့် ကျောင်းတက်ဖို့ကိုလုံးဝငြင်းဆန်ပြီး အောင်လက်မှတ်တောင်သွားမထုတ်ခဲ့ပါဘူး။ သူငယ်ချင်းတွေကဖျောင်းဖျ၊ မိဘတွေ တငိုငိုတရီရီဖြစ်နေတာတောင် ခေါင်းကြောမာပြီးငြင်းဆန်ခဲ့တာပါ။ အဲ့တာက အိမ်နဲ့စအဆင်မပြေဖြစ်စေခဲ့တဲ့ အကြောင်းအရင်းပါပဲ။

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now