Part 41

5.4K 368 79
                                    

"ဟင့်အင်း...မပေးဘူးမာမီ...ဘာတွေလျှောက်လုပ်နေတာလဲ။ မာမီမပြန်ရင် သားပြန်တော့မယ်...."

ဝေဟင် တကယ်ကို ကြောက်နေပြီ။ မာမီနဲ့မှပဲ မကြားဖူးတာတွေကြားနေရတယ်။ သွေးတစ်ပန်းကန်လုံးတဲ့ သွေးတစ်ပန်းကန်လုံးသာဆို သူသေဖို့ပဲရှိတော့တယ်။

"သားရယ်....မာမီ့ကို သနားပါ...."

"တော်ပြီ...တော်ပြီ...သားပြန်တော့မယ်။ သားဘာသာသား ကားငှားပြန်မယ်...."

"ဟဲ့ ငါကနင့်အမေပါ။ ငါ့စကားနားထောင်ရမှာပေါ့!"

"စကားနားထောင်ရမယ် ဟုတ်လားမာမီ...မာမီ့လုပ်ရပ်တွေကို ကြည့်ပါဦး...သားခွင့်ပြုချက်မရှိပဲ သားခန္ဓာကိုယ်ကို လုပ်ချင်သလိုလုပ်တယ်။ ဒီနေ့လည်း သူများကားကို လုလာတယ်။ ခုလည်း ဆံပင်ပေးဆိုလို့ပေးပြီးတာကို သွေးထပ်တောင်းပြန်ပြီ။ မာမီ့ဘာသာရော စဉ်းစားကြည့်ရဲ့လား။ မာမီ့ လုပ်ရပ်တွေက......."

ဝေဟင် ထိုစကားကိုမပြောချင်ပါဘူး။ ဒါပေမယ့် ဝမ်းနည်းစိတ်ကြောင့်ရော ကြောက်‌စိတ်ရောကြောင့် သူဆက်မထိန်းထားနိုင်လောက်တော့ဘူး.....

"မာမီ့လုပ်ရပ်တွေက အမေတစ်ယောက်နဲ့တောင်မတူတော့ဘူး....."

"ဘာ! ဝေ ဟင် မိုး သား! နင်ကများ....."

ဝေဟင့်စကားအဆုံးမှာတင် ဒေါသတကြီးနဲ့ မာမီက ဝေဟင့်နာမည်ကိုတစ်လုံးချင်းဖိပြီးခေါ်လာ‌တာကြောင့် ဝေဟင်လည်း သူ့စကားမှားသွားပြီဆိုတာသေချာသွားတယ်။ သူတကယ်ကို အဲ့လိုရည်ရွယ်ပြီး ပြောခဲ့တာမဟုတ်ပါဘူး......

"မာမီ.....သားတောင်းပန်ပါတယ်....သားမရည်ရွယ်ပါဘူး...."

"နင် ငါ့ကို သွေးပေးမှာလား...မပေးဘူးလား..."

"ဗျာ...."

"ငါမေးနေတယ်လေ!!!!!!"

ချက်ချင်းဆိုသလို အသံကုန်အော်ဟစ်လာတဲ့ မာမီ့ကြောင့် ဝေဟင် အရမ်းလန့်လာပြီး အဲ့နေရာကနေ အမြန်ထွက်ပြေးဖို့ပဲ လှည့်ထွက်လိုက်တယ်....

"အာ့!"

"သွားလို့မရဘူး...."

ဝေဟင် အနောက်လှည့်ပြီး ပြေးမလို့ရှိသေး ဝေဟင့် အနောက်မှာရောက်နေတဲ့ ဟိုနတ်ဆရာမရဲ့တပည့် ဆိုတဲ့ အဖွားကြီးကြောင့် ဝေဟင်ချောင်ပိတ်မိနေပြီ။

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now