"ဟေမာ လပြည့်ရော မနက်စာလာမစားဘူးလား...."
"မစားလည်းကောင်းတာပေါ့ မျက်စိနောက်သက်သာတယ်..."
"ဝေဟင်မိုးသား!!!!မင်းထက်အကြီးနော် စကားကိုဘယ်လိုတွေပြောနေတာလဲ..."
"ဒယ်ဒီ! ဒယ်ဒီ ဘယ်တုန်းက သားကိုဆူဖူးလို့လဲ..."
"မင်းအချိုးမပြေရင် ဆူရမှာပဲ။ အလိုလိုက်ခံရတယ်ဆိုပြီး....."
"ကဲ တော်ပါတော့။ ရှင်ကလည်း သားကိုဆူမနေပါနဲ့ ကျွန်မသွားခေါ်လိုက်မယ်...."
တကယ့်ကိုအကုသိုလ်ကောင်လေး။အရင်ကတော့ သူ့ခေါ်ပြီးမှ ကိုယ်ဝန်ရလို့ လာဒ်ကောင်းတယ်ဆိုပြီးချစ်လိုက်ရတာ။ ခုတော့ မျက်လုံးဆံပင်မွှေးစူးနေရပြီ။ ပြန်လာတာမှ ရက်ပိုင်းရှိသေးတယ်။ ငါတို့သားအမိကို လူတကာ အမြင်မကြည်အောင်လုပ်နေတယ်။
ငါ့သားကို ထိခိုက်လာလို့ကတော့ မှတ်လောက်သားလောက်ဖြစ်အောင် ပညာပြလိုက်မယ်။ဒေါက်! ဒေါက်! ဒေါက်!
ကျွီ!!!
"အန်တီ..."
လပြည့်တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်လိုက်တော့ အန်တီဟေမာဖြစ်နေတာပဲ။
"ငါအထဲခနဝင်မလို့...."
ချောက်!
"အန်တီ....ပြောစရာရှိလို့လား..."
အန်တီက အခန်းထဲဝင်ပြီးတံခါးပါ လော့ချလိုက်တာမို့ လပြည့်ကြောက်နေမိတယ်။ သူကျန်တာတွေနဲ့ ပတ်သတ်ရင် သန်မာပေမယ့် အဲ့အတိတ်နဲ့ပတ်သတ်ရင်တော့ သူတုန်ရီနေတုန်းပဲ.....
"နင်က နင့်ဦးလေးကို မနေ့ကကိစ္စပြန်တိုင်ချင်တာလား...."
"ဗျာ! အဲ့လိုမဟုတ်ပါဘူး...ကျွန်တော် ဘာမှမပြောပါဘူး..."
"ခုတော့မပြောဘူးပေါ့....နင်ကအဲ့လိုမစားမသောက်ပဲ ဝမ်းနည်းပြနေတော့ နင့်ဦးလေးကနင့်ကို ဘာဖြစ်လဲ မေးတော့မယ်လေ။ နင့်ဖြုတ်ဦးနှောက်လောက်လေးနဲ့ ငါ့ကိုဇာတ်လမ်းလာဆင်မနေနဲ့...ကြားလား..."
အန်တီက အပြင်ကလူတွေမကြားအောင် အသံတိုးတိုးလေးနဲ့အံကြိတ်ပြီးပြောနေတာ...
"အခု ကျွန်တော်က ဘာလုပ်ရမှာလဲ။ ကျွန်တော့်ဘာသာ အေးအေးဆေးဆေးတောင် နေခွင့်မရှိဘူးလား..."
YOU ARE READING
Love Blaze { အချစ်မီးလျှံ } [ Season 2 ]
Romance_မှားယွင်းနေတဲ့ရင်ခုန်သံတွေက နှလုံးသားကိုပိုပြီးနာကျင်စေတယ်။ _တစ်ခါတစ်လေမှာ အချစ်က လူတစ်ယောက်ကို ဗီလိန်အဖြစ်ပြောင်းလဲစေနိုင်တယ်။ _ငါတို့ရဲ့ မှာယွင်းတဲ့အချစ်တွေကတော့ ခပ်ပြင်းပြင်း တောက်လောင်နေတဲ့ မီးတောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ........