🌹🌹🌹Part (1)

9.2K 112 2
                                    

⭐⭐⭐
"ဟေ့ကောင်... ဉာဏ် မင်းအခု မမတစ်ယောက်ကို လိုက်နေတယ်ဆို..."

အချစ်ရေးကို စိတ်မဝင်စားဘူးဆိုတဲ့ ဉာဏ်ထက်သော်ကို သူငယ်ချင်းဖြစ်သူ ခန့်လင်းအောင်က အထူးအဆန်းမေးမိသည်။ သူက သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ အိမ့်သက်မိုးက သူ့ကို ကြိုက်နေမှန်း သိရက်နဲ့တောင် သူငယ်ချင်းထက်မပိုနိုင်တဲ့ကောင်လေ။ အိမ့်သက်မိုးဆိုတာက မိဘ အသိုင်းအဝိုင်း ပညာရေး ရုပ်ရည် အကုန် perfect ဖြစ်နေတဲ့သူ။ အဲ့လိုလူကို မကြိုက်ဘဲ သူကြိုက်နေတဲ့ သူက ဘယ်သူလဲဆိုတာ သူတို့အဖွဲ့ မသိချင်ဘဲနေမလား။

"ဉာဏ် ... မင်းလျှိုမထားနဲ့နော် ..."

"ဒီတိုင်းပါပဲ ပျင်းလို့ ရည်းစားစထားကြည့်မလားလို့ "

သူငယ်ချင်းတွေရဲ့ အမေးကို အဓိပ္ပာယ်တစ်ခုခုနဲ့ ပြုံးပြီး ဉာဏ်ထက်သော် ဖြေလိုက်သည်။

"ငါက မင်းကို အတည်တွဲမယ် ထင်နေတာ မင်းက Faကြီးလေ ပထမဆုံးစကြိုက်မယ့်ကောင်မလေး ဆိုတော့"

"အဲ့တာထားလိုက် နောက်အပတ် လေယာဉ်ပြန်တက်တော့မှာ မင်းတို့မှာစရာရှိရင် မှာလိုက်"

"အေး... စဉ်းစားလိုက်အုံးမယ် ငါ့ကောင်..."

"ဟေ့ကောင် စကားလမ်းကြောင်းမလွှဲနဲ့ အဲ့မမနဲ့ကော ဘယ်လိုလဲ "

"အဟက် ... မာနတော့ အတော်ကြီးတယ် ငါ့ကိုခုထိ အဖတ်မလုပ်သေးဘူး"

"ဟား... ဟုတ်ရဲ့လားကွာ... မင်းလို လေယာဉ်မှူး သူဌေးသား ရူပါဖြောင့်နေတဲ့ကောင်ကို အဖတ်မလုပ်ဘူးဆိုတာ "

အားလုံးက မယုံကြပေမဲ့ မြတ်ပန်းသဇင်ဆိုတဲ့ အမျိုးသမီးက ဘယ်လောက်ထိ မာနကြီးမှန်း သူ့လောက်သိတာ သူပဲရှိသည်။ တစ်နေ့ ထိုအမျိုးသမီးရဲ့ မာနကို သူခဝါချပစ်မည်။

🌼🌼🌼
အချိုမက မုန့်ကျွေးမယ်ဆိုပြီး ခေါ်ထားတာကြောင့် မြတ်ပန်းသဇင် စာသင်ချိန်ပြီးတာနဲ့ natural house သို့သာ လာခဲ့သည်။ သူမကားရှေ့ တွေ့လိုက်ရသည့် ပန်းစည်းကြောင့် ဟိုလူပဲလားဟု ချက်ချင်းတွေးမိလိုက်သည်။ ‌ပန်းစည်းကဒ်ကို ကြည့်လိုက်တော့ ဟုတ်ပါသည် ဟိုလေယာဉ်မှူးပေါက်စနကောင်လေးပင်။

ရင်ထဲက နေရာ(OC)Where stories live. Discover now