🌷🌷🌷
"ချို့သားလေးကလည်း ဖအေတူပဲနော်...""ဟုတ်ပါ့..."
မယ်မင်းကြီးမက နှုတ်ခမ်းဆူနေသည်။
"အစ်မက အဲ့လိုဖြစ်နေတာ ကလေးက ခဲအိုနဲ့ ပိုတူလို့ဆိုပြီး"
တေးချိုချိုရဲ့ ညီမယုယချိုကပါ ထောက်ခံသည်မို့ အားလုံးက ပြုံးစိစိ။
"သဇင် နင်တောင် ဉာဏ်နဲ့တူတဲ့ ကလေးသုံးယောက် တစ်ပြိုင်တည်းမွေးတာမလား..."
"ချို... "
သဇင်က ရှက်ရမ်းရမ်းနဲ့ ပြန်အော်သည်။
"ဒီတစ်ယောက်လည်း မောင်နဲ့တူအောင် ထပ်မွေးပေးမယ်မလား"
"မောင်..."
နောက်ကိုယ်ဝန်ကိစ္စကို ချိုပဲ သိပြီး တခြားသူတွေ မသိသေးပါ။ မိသားစုတွေပဲ သိကြသေးတာကို မောင်က ပြောလိုက်တာမို့ သဇင်မျက်နှာရဲတွတ်သွားသည်။ မောင့်သူငယ်ချင်း ဖြူ ကိုတည်သန့်ဦးရဲ့ မိန်မရှိနေတာမို့ သူတို့ သူငယ်ချင်းတစ်ဖွဲလုံးလည်း သိကြတော့မှာ သေချာသည်။
"ဟေ့ကောင် မင်းဘောလုံးသင်းထောင်မလို့လား..."
"ကို..."
ဖြူကြိုးနွယ်မှာ သဇင့်ကို အားနာနာနဲ့ လင်တော်မောင် တည်သန့်ဦးကို လှမ်းဟန့်လိုက်ရသည်။
"တေး ပြောတုန်းက ငါတောင်အံ့ဩနေတာ မတည့်လို့နော် ခုတည့်သွားပြီဆိုတော့"
"ကိုညီကလည်းဗျာ... မ ရှက်နေပြီ..."
"အေး မင်းက ငါ့သားကို လာကြည့်ပေမဲ့ ကြွားလုံးထုတ်နေလို့ မင်းတို့လင်မယား ပြန်အဆင်ပြေအောင် တေးနဲ့ငါကူညီပေးထားရတာ ငါ့သားအတာလေးအတွက် မင်းရဲ့သမီး ဖူးလေးကို ပေးကွာ..."
"ကိုညီ... ပေးချင်းပေး ကိုညီ့သမီး နေကြာလေးကို ကျွန်တော့်သား ဘုန်းလေးအတွက်တောင်းမယ်ဗျာ..."
"ဟေ့ကောင်..."
ဘေးကလူတွေလည်း တင်းမာလာတဲ့အခြေအနေကို နားလည်ပေမဲ့ ဘယ်သူမှကြားမဝင်ကြ။ သူတို့စကားနိုင်မလုဖူးတာမို့ ဘယ်သူနိုင်မလဲ ပိုသိချင်ကြသည်။ သူတို့မိန်းမတွေကလည်း အချစ်ဆုံးသူငယ်ချင်းတွေမို့ လွှတ်ထားကြသည်။
YOU ARE READING
ရင်ထဲက နေရာ(OC)
Romanceမြတ်ပန်းသဇင်ရဲ့ အဘိုးကြောင့် ခြေထောက်တစ်ချောင်းသုံးလို့မရတော့ဘဲ ထောင်ထဲရောက်ခဲ့ရသည့် အပြစ်မရှိတဲ့ အဖေ့ညီမဖြစ်သူ အန်တီလေးအတွက် ကလဲ့စားချေပေးဖို့ မြတ်ပန်းသဇင်ကို အသုံးချခဲ့သည့် ဉာဏ်ထက်သော်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေရင်း သူမဘဝထဲ အချစ်ဆိုတဲ့အရာက ဝင...