🍢🍢🍢
အိမ်ထဲရောက်၍ ကားရပ်သွားသည့်တိုင် ဉာဏ် အတွေးထဲနစ်နေတုန်းပင်။ မကို အိမ့်သက်မိုးက သဘောကျနေတာကို ခုထိ စိတ်ထဲမကျေနပ်နေပါ။ မကို သူတစ်ဦးတည်းကသာ ချစ်ပိုင်ခွင့်ရှိသည်။ အတ္တဆိုရင်တောင် မကို အသက်သမျှချစ်နေတဲ့ သူရဲ့ အချစ်အတ္တပင်။ အတွေးလွန်နေရင်း အိမ်ထဲရောက်မှ ကိုကြီးတို့လင်မယားနဲ့ တူမလေးပါ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ဖေဖေကတော့ မြေးတွေနဲ့ အတော်အလုပ်ရှုပ်နေသည်။"အဲ... အဲ..."
သမီးတွေနဲ့ သားလေးက သူ့ကို တွေ့တာနဲ့ အသံလေးက ထွက်လာသည်။ စကားသာပြောတတ်နေရင် ဒယ်ဒီပြန်လာပြီလို့ ပြောကြမည်ပုံ။
"ကြည့် ငါ့မြေးတွေက အလည်လေးတွေ... ဖအေပြန်လာတာ သိနေတယ်..."
ကိုကြီးရဲ့သမီး သက်လေးကို ချီရင်း ပြောလိုက်သည်။
" ကိုကြီးတို့ ရောက်နေတာလား..."
"အေး... မင်းကလေးတွေက အတော်ထွားလာတယ်နော် ၆လပဲ ရှိသေးတာ မွေးတုန်းကနဲ့ အကွာကြီး..."
"ဟုတ်တယ်... အမွှာတွေမို့ မွေးတုန်းက ပေါင်ချိန်မပြည့်ဘူးလေ... ခုနို့ဘူးတွေရော အဟာရမှုန့်တွေနဲ့ ထွားလာတာ သက်လေးလည်း လုံးကစ်နေတာပဲနော်"
"ဝတုတ်ဖြစ်မှာပေါ့ သက်လေးက တစ်နေကုန် အိပ်လိုက်စားလိုက်နဲ့လေ "
မရီးဖြစ်သူက စကားဝင်ပြောလာသည်မို့ ကိုကြီးက ခပ်ရေးရေးလေးပြုံးပြီး ဟုတ်တယ်ဟူသည့် သဘောမျိုးဖော်ပြနေသည်။
"အိမ်က အကောင်လေးတွေလည်း အဲ့အတိုင်းပဲ မရီး"
"ကလေးတိုင်းက အဲ့လိုပါပဲ မင်းတို့နဲ့မှ ထူးဆန်းသလိုထင်နေတာ "
ဒယ်ဒီက သူ့မြေးတွေနဲ့ အလုပ်ရှုပ်နေပေမဲ့ လှမ်းပြီးပြောလာသည်။
"မရော မတွေ့မိပါလား..."
"ခုနကပဲ နင့်တီလေးကို သွားခေါ်မယ်ဆိုပြီး ဟိုဘက်အိမ်ကူးသွားတာ..."
"ဗျာ... "
ဧည့်ခန်ထဲ ဝင်လာသည့် မာမီရဲ့ စကားကြောင့် ဉာဏ် အံ့ဩသွားသည်။ မက ဟိုဘက်အိမ်သွားစရာလား။
YOU ARE READING
ရင်ထဲက နေရာ(OC)
Romanceမြတ်ပန်းသဇင်ရဲ့ အဘိုးကြောင့် ခြေထောက်တစ်ချောင်းသုံးလို့မရတော့ဘဲ ထောင်ထဲရောက်ခဲ့ရသည့် အပြစ်မရှိတဲ့ အဖေ့ညီမဖြစ်သူ အန်တီလေးအတွက် ကလဲ့စားချေပေးဖို့ မြတ်ပန်းသဇင်ကို အသုံးချခဲ့သည့် ဉာဏ်ထက်သော်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေရင်း သူမဘဝထဲ အချစ်ဆိုတဲ့အရာက ဝင...