🍁🍁🍁Part (10)

3K 71 0
                                    

🍁🍁🍁
သဇင် သက်ပြင်းကို အသာချလိုက်မိသည်။ နွေပိတ်ရက်မို့ guide မခေါ်ကြပေ။ translator လုပ်ပေမဲ့ ပိုက်ဆံက သိပ်မကာမိတာမို့ သူမအလုပ်ပိုလုပ်ဖို့ စဉ်းစားရသည်။ သင်္ကြန်အပြီး ‌အဆောင်ပြန်ဖွင့်ပေမဲ့ စာသင်သည့်ဆရာမက လုံလောက်နေကြတယ်မလား။ သဇင် uniမှာ အလုပ်နားစာ တင်ခဲ့တာမို့ ပြန်လုပ်ဖို့ကျ အဆင်မပြေ ကိုယ်က ထိုပတ်ဝန်းကျင်နှင့် မပတ်သက်ချင်ပေ။ သင်တန်းတစ်ခုမှာ Chinese သင်ပေးတဲ့ ဆရာမ လုပ်ပေမဲ့ တစ်ပတ်နှစ်ရက်သာ သင်ရသည်မို့ သူမအားချိန်များနေသည်။ ကလေးအတွက်နဲ့ သူမအတွက် မွေးပြီးရင် အလုပ်ပြန်မလုပ်ခင်အထိ အသုံးစရိတ်အတွက် ငွေကမလောက်တာမို့ သဇင်မှာ ခေါင်းပူရသည်။ ဒီလ အားချိန်လေးတော့ ရပ်ကွက်ထဲက မလှိုင်ဆီမှာ အဝတ်ကူချုပ်ပေးဖြစ်သည်။ နောက်လကျမှ ချို့ဆီ မျက်နှာပူပူနဲ့ အကူအညီတောင်းရမှာပဲ။ ကလေးလေးအတွက် မျက်နှာငယ်ရပေမဲ့ သူမမမူနိုင်ပေ။ မိဘဆီ မပြန်နိုင်မှတော့ ဘာအလုပ်ဖြစ်ဖြစ် လုပ်နိုင်ရမည်မလား။

"သဇင်ရေ..."

"ရှင်... အစ်မ..."

"ဒီမှာ အစ်မတို့ ဒီလ အထည်လာအပ်တဲ့သူတွေ များတယ် ငါ့ညီမ ထမင်းစားပြီး လာခဲ့လေ... "

"ဟုတ် အစ်မ..."

ဒီပတ်ဝန်းကျင်မှာတော့ သဇင့်ကို မုဆိုးမဟုသာ သိထားကြသည်မို့ သဇင့်အတွက်ရော မမွေးသေးသည့် ကလေးအတွက်ရော အဆင်ပြေသည်။ သဇင်ကိုလည်း ဖေးဖေးမမ ရှိကြသည်။ အားလုံးကို လိမ်သလိုဖြစ်နေပေမဲ့ သူတကယ် သဇင်တို့ဘဝထဲမှာ သေလူပဲမလား။

🍊🍊🍊
"လာပြီလား... ငါ့ညီမ... လိမ္မော်သီး စားအုံး..."

"ဟုတ်... အစ်မ..."

"အစ်မတို့ ဦးလေးခြံကလေ... အပြန်ကျ ယူသွားနော် အများကြီးပို့ထားတာ..."

"ကျေးဇူးပဲ အစ်မ..."

သဇင့်ကို အစ်မလှိုင်က တအားကောင်းပေးသည်။ သဇင့်မှာ လိမ္မော်သီး စားရင်း အိမ်ကို သတိရဖြစ်သည်။ ကိုကြီးရဲ့မိန်းမက သရက်ခြံ လိမ္မော်ခြံတွေပိုင်တာမို့ သူမတို့အိမ်ကိုဆို အမြဲပို့ပေးနေကြ။ သဇင်အိမ်မှာတုန်းက စားချင်သလို စားခဲ့ပြီး တစ်ယောက်တည်းနေခါမှ ဝယ်မစားဖြစ်ချေ။ မိဘအိမ်မှာ လှလှပပနေခဲ့သမျှ ခုတော့ သဇင်ဘဝက ကွာခြားလွန်းလှသည်။ မိဘတွေကို ကျေးဇူးမဆပ်နိုင်တဲ့အပြင် သဇင်က သမီးမိုက်ပါ။ စဉ်းစားရင်း မျက်ရည်က ခုန်ဆင်းလာသလို့ ကျနေသည်။

ရင်ထဲက နေရာ(OC)Where stories live. Discover now