🌸🌸🌸
အရက်ကို အစာမရှိဘဲ ဇွတ်သောက်ပြီး အစာအိမ်ထိကာ အိပ်ရာပေါ်လဲနေသည့် သားဖြစ်သူကို ကြည့်၍ ဒေါ်အိပြည့်ထွန်း ငိုနေမိသည်။ ခင်ပွန်းဖြစ်သူ ဦးထက်မြတ်သော်ကို ကြည့်တော့လည်း စိတ်မကောင်းဖြစ်ပြီး အသံတိတ်နေသည်။ လိမ္မာလှပါတယ် ဆိုသည့် သားငယ်က ခုတော့ မိန်းမတစ်ယောက်ကြောင့် အရက်သမားလုံးလုံးကြီး ဖြစ်နေပြီ။ သူ့တီလေးကို ငဲ့၍ ထိုမိန်းကလေးနှင့် အဆက်အသွယ်ပြတ်သွားသည်။ သူမဘာသာ ထိုမိန်းကလေးအကြောင်း သွားစုံစမ်းမိတော့ သူမ မှားသွားပြီဟု သိလိုက်သည်။ သားနဲ့ထိုမိန်းကလေးက အခြေမနေတစ်ခုထိ ရောက်ခဲ့တာကို မသိခဲ့တာမို့ ညီမမေရဲ့ သဘောကို လိုက်လျောစေခဲ့သည်။ ညီမမေက သွားအရှက်ခွဲလို့ သူတို့တစ်မိသားစုလုံးအရှက်ရခဲ့ကြတာလို့ ပြန်သိရသည်။ ဒါကြောင့် သားက သူ့မိန်းကလေးအတွက် အရမ်းခံစားပြီး အဲ့လိုဖြစ်နေတာ။ သားဖြစ်သူရဲ့ အခြေအနေကို မမြင်ရက်တာကြောင့် သူမ သားနား ထိုမိန်းကလေးကို ကိုယ်တိုင်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ယောက်မဖြစ်သူနဲ့ သားကြားမှာ သားက သူမအတွက် ပိုအရေးကြီးသည်။ သူမ တစ်ကိုယ်ကောင်း ဆန်ပါရစေ။"ကျွန်မ သားကို မကြည့်ရက်တော့ဘူး အဲ့မိန်းကလေးကို ကိုယ်တိုင်ရှာပြီး သားနားခေါ်ခဲ့ပေးမှာ...မဟုတ်ရင် ရှင့်ညီမက ဘာမှမဖြစ်ခင် ကျွန်မသား အရင်သေတော့မယ်"
ဦးထက်မြတ်သော် ဘာမှပြန်မပြောမိ။
"ရှင့်သားက ဟိုမိန်းကလေးနဲ့ ဘယ်အခြေအနေလဲဆိုတာ ကျွန်မပြောထားလို့ ရှင်သိနေပြီပဲ သားဉာဏ်ကို တစ်သက်လုံး အရိပ်ကြီးလို လိုက်နေမဲ့ကိစ္စ။ ကျွန်မကို တစ်ကိုယ်ကောင်း ဆန်တယ်ပြောပြော သားအတွက် ကျွန်မ အဲ့မိန်းကလေးကို ချွေးမအဖြစ်လက်ခံမှာ။ "
"အဲ့မိန်းကလေးကော ဘယ်ရောက်နေတာလဲ"
"မသိဘူး... ရှက်လွန်းလို့ အဲ့ပတ်ဝန်းကျင်ကနေ ထွက်ပြေးသွားတယ်ထင်တယ် ရှင့်ညီမ သွားသောင်းကျန်းပြီးကတည်းက အပြင်မှာမမြင်ကြတော့ဘူးတဲ့"
"ဘယ်လိုရှာကြမလဲ... "
"မသိဘူး... သားဉာဏ်ရဲ့ သူငယ်ချင်းတွေကို အကူအညီလှမ်းတောင်းကြတာပေါ့"
YOU ARE READING
ရင်ထဲက နေရာ(OC)
Romanceမြတ်ပန်းသဇင်ရဲ့ အဘိုးကြောင့် ခြေထောက်တစ်ချောင်းသုံးလို့မရတော့ဘဲ ထောင်ထဲရောက်ခဲ့ရသည့် အပြစ်မရှိတဲ့ အဖေ့ညီမဖြစ်သူ အန်တီလေးအတွက် ကလဲ့စားချေပေးဖို့ မြတ်ပန်းသဇင်ကို အသုံးချခဲ့သည့် ဉာဏ်ထက်သော်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေရင်း သူမဘဝထဲ အချစ်ဆိုတဲ့အရာက ဝင...