💐💐💐Part(4)

2.4K 59 0
                                    

🌻🌻🌻
"နေကြာလေးက ချစ်စရာလေး နင်နဲ့နည်းနည်းလေး ပိစိလေးပဲတူတာ... ကိုညီနဲ့တော့ အတော်တူတာနော်...."

သဇင့်ဆီက ထိုစကားကို ကြားတာနဲ့ မယ်မင်းကြီးမ တေးချိုချိုက နှုတ်ခမ်းတစ်တောင်လောက် ဆူထွက်ပြီး စိတ်ကောက်တော်မူနေပြီ။

"နင့်ကျမှ နင်နဲ့မတူဘဲ နင့်ယောက်ျားနဲ့ပဲတူမှာ"

"အယ်... ကိုယ့်သူငယ်ချင်း အပျိုလေးကိုနော်"

"အပျိုလေးတဲ့ သူကိုယ်သူ... အသက်က ကြီးနေပြီ"

"ဟယ်... ငါက ခုမှ ၂၆နော် "

"၂၇ဝင်နေတာ ၃၊၄လလောက်ရှိပြီမလား..."

"မနိုင်ဘူး နင့်ကို နာသေးလား ချုပ်ထားတဲ့ ဗိုက်က "

"နည်းနည်း နာတယ်..."

"စကားဒီလောက်ပြောနေတာ... နာမှာပေါ့"

"ကြီးကြီး... တေးက ကလေးမွေးထားတာ သဇင်နဲ့တွေ့မှ စကားများများပြောပြီး စိတ်ကြည်လာတာ... "

"ကြည့်သာကြည့်တော့ သမီးသဇင်ရေ... သူ့ယောက်ျားက ကာစိကာစိနဲ့ ဆူလို့ကိုမရတာ"

"တေးက ဆူရမဲ့ အရွယ်မှမဟုတ်တော့တာ ကြီးကြီး..."

"ဟုတ်လား..."

"ခစ်ခစ်..."

သဇင်တို့မှာ သူ့မိန်းမကို အရမ်းသည်းနေသည့် ကိုနေမင်းညီကို ကြည့်ပြီးရယ်လိုက်ကြသည်။ မွေးခန်းက ထွက်တုန်းက သူ့မိန်းမက အမေကိုသတိရလို့ငိုတာကို တစ်နေကုန် စိတ်ရှည်ရှည်ထိုင်ချော့ခဲ့တယ်လို့ ကြားမိသည်။ ဟိုကအချိုမလည်း တစ်ခုခုဆို ကိုကိုလို့ ခေါ်ပြီးသား။ ‌ချိုကတော့ အိမ်ထောင်ရေးကံကောင်းသည့် အမျိုးသမီးဖြစ်ပါတယ်။ မောင်ကရော ကိုညီက ချိုကို ဂရုစိုက်သလို သူမကို ဂရုစိုက်ပါ့မလား။ ဒါပေမဲ့ လက်ရှိအချိန်မှာ  မောင်က သူမကိုသေချာဂရုစိုက်ပေးတာမို့ ကျေနပ်မိပါသည်။ 
🍁🍁🍁
သဇင်နဲ့ မောင်ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်းနဲ့ ရင်းနှီးလာသည်။ မောင်က သူ့အလုပ်နားရက်တွေဆို သဇင့်ကို လာကြိုပေးတတ်သည်။ ဒါကြောင့်ပဲ အမြဲတမ်း ကိုယ့်ကားကိုယ်မောင်းပြီး အသွားအပြန် လုပ်တတ်သည့် သဇင်မှာ မောင်ကြောင့် ကားတောင် သိပ်မမောင်းဖြစ်တော့ပေ။ ဒါကြောင့် ကိုလတ်ရဲ့ အထူးအဆန်းဖြစ်ပြီး ပေါကရမေးခွန်းတွေကိုလည်း လှည့်ပတ်ဖြေရသေးသည်။ ဒါပေမဲ့ သဇင် ချစ်သူရှိတာကိုတော့ ရိပ်မိပုံရသည်။ မေမေတောင် အရင်ကလို အစနောက်တော့ပေ။

ရင်ထဲက နေရာ(OC)Where stories live. Discover now