🌸🌸🌸 Part (32)

2.5K 71 1
                                    

🌸🌸🌸
"ဘာ... အမှုဟုတ်လား... "

သေဆုံးသွားသူဘက်က တရားစွဲသည်တဲ့။ တကယ်တမ်း အဲ့လူက လမ်းကူးမှားလို့ ညီမလေးက ရှောင်ပေးခဲ့တာကို။ သူတို့က တရားစွဲသည်တဲ့။ ထက်မြတ်သော် စိတ်ရှုပ်သွားပြီး ခဏအကြာငြိမ်သွားသည်။

"ရှေ့နေငှားထားလိုက်.... အတတ်နိုင်ဆုံး အမှုမကြီးအောင်လုပ်ပြီး မြန်မြန်ပြီးအောင်လုပ်လိုက်"

သူအတွင်းရေးမှူးက ချက်ချင်း ရှေ့နေနဲ့ အမှုကိစ္စဖြေရှင်းဖို့ ထွက်သွားလေသည်။ အရေးထဲက ညီမလေးရဲ့ သတို့သားလောင်းဆိုတဲ့ လူက ဘယ်ရောက်နေတာလဲဟု တွေးမိသွားသည်။

"ဟုတ်တယ် ကျွန်မ ပျိုးပန်းအိမ်ကို အနိုင်ပိုင်းချင်လို့ ရှင့်ကို လက်ခံခဲ့တာ ရှင်က ဘာလုပ်မလို့လဲ "

မေယမင်းသော်ရဲ့ အသံမာနေတာက ‌ကြောက်ဖို့ပင်ကောင်းသည်။ သီဟမောင်ကလည်း ဒေါသကြောင့် မျက်နှာက နီရဲနေတာ ပေါက်ထွက်မတတ်။ ယောက်ျားတစ်ယောက်အနေနဲ့ အသုံးချခံရတာမို့ သူ့ရဲ့ဒေါသက ငယ်ထိပ်ပင်ရောက်နေသည်။ ထက်မြတ်သော်က အခြေအနေကို နားမလည်နိုင်ဘဲ တံခါးဝကနေကြည့်နေသည်။

"မင်းလို မိန်းမက ဒုက္ခိတဖြစ်သင့်တာကြာပြီ... ကိုယ့်ဖို့ပဲကိုယ်သိတာ... "

"ဘာ..."

"အေး... မင်းသိပ်နိုင်ချင်နေတာမလား မင်းမာနတွေ သိက္ခာတွေ ငါအကုန်ရိုက်ချိုးပြမယ် မင်းလို ဒုက္ခိတမနဲ့ မယူနိုင်ဘူး ငါကြားသေးတယ် နင်လူသတ်မှုနဲ့ အမှုရင်ဆိုင်ရမယ်ဆို ထောင်ကျတဲ့ ဒုက္ခိတမနဲ့ ငါလက်ထပ်ပွဲမလုပ်နိုင်ဘူး.... မင်းသိပ်အနိုင်ယူချင်နေတဲ့ ပျိုးပန်းအိမ်နဲ့ လက်ထပ်မယ်"

"သီဟမောင်..."

"နှုတ်ဆက်ခဲ့တယ် "

"ခွပ်..."

ကိုယ့်ညီမကို ပြောဆိုနေတဲ့ကောင်ကို ထက်မြတ်သော်ပြေးထိုးလိုက်သည်။ အလစ်မှာ အထိုးခံရတာမို့ သီဟမောင် အတော်ခံလိုက်ရသည်။

"ကိုကြီး တော်လိုက်တော့... ထွက်သွားခွင့်ပေးလိုက်... သစ္စာမရှိတဲ့ကောင်ကို ညီမမကြည့်ချင်ဘူး ညီမကို ပြောဆိုနေတာ သူကျ ဟိုကောင်မနဲ့ အိပ်ပြီး... သူ့ကိုမထိနဲ့ ကိုကြီးလက် ညစ်ပတ်မယ်"

ရင်ထဲက နေရာ(OC)Where stories live. Discover now