🥝🥝🥝 Part (15)

3K 67 2
                                    

🫒🫒🫒
"အာ့..."

သဇင့်ဗိုက် တဆစ်‌ဆစ်နဲ့ နာလာသည်မှာ မွေးတော့မည်ထင်သည်။ ‌Due date က နှစ်ပတ်ကျော်လောက် လိုသေးတာမို့ သဇင်ထင်မထားခဲ့။ နောက်အပတ်မှ အေးသီတာက လာအိပ်စောင့်မည်ဖြစ်၍ ဒီအိမ်မှာ သူမတစ်ယောက်တည်းဖြစ်နေသည်။ ဖုန်းကို ဖွင့်ကြည့်လိုက်တော့ နံနက် 2:48လောက်ပဲ ရှိသေးသည်။ ဗိုက်တအားနာနေသည်မို့ ဘာမှမလုပ်နိုင်ဖြစ်နေသည်။ သဇင် ချို့ကို ဖုန်းဆက်ဖို့ လုပ်လိုက်ပေမဲ့ ဖုန်းက လက်ကနေ လွတ်ကျပြီး ကုတင်အောက်ရောက်သွားသည်။ ပြန်ကောက်၍လည်း အဆင်မပြေ၍ သဇင် သတိရသွားသည်က အိမ်ရှေ့က ဟိုလူပင်။ အမြဲတမ်း သဇင့်ကို လာကြည့်တတ်ပေမဲ့ ခုလို အရေးကြီးချိန်မှာ သူက ဘာလို့လာမကြည့်တာလဲ။ သဇင်ဗိုက်နာလွန်းလို့ ဟိုလူကြားလိုကြားငြား ဘေးက ဆေးပုလင်းနဲ့ နံရံကို ပေါက်လိုက်မိသည်။ ပြီးတော့ဘေးက ရေပုလင်းကိုလည်း ပေါက်လိုက်သည်။ အချိန်တစ်ခုထိ မပေါ်လာ၍ သူမကြားဘူးထင်ပါရရဲ့။ သဇင့်က သူ့ကို အားကိုးမိလည်း အဆင်မပြေ သဇင်သေရတော့မယ်နဲ့ တူပါရဲ့။

"မ...."

မျက်လုံးမှိတ်ပြီး ကြိတ်ခံနေရာကနေ ကြားလိုက်ရသည့် အော်သံကြောင့် သဇင်အားတက်မိသွားသည်။

"မ... ဘာဖြစ်တာလဲ..."

ချွေးတွေနဲ့ မကို ကြည့်ပြီး ဉာဏ်ထိတ်လန့်သွားသည်။ ကြမ်းပြင်မှာလည်း ဖန်ကွဲစတွေနှင့်။ သူအသံကြားလို့ စိုးရိမ်ပြီး ဝင်လာလို့ တော်သေးသည်။ မွေးခါနီးဗိုက်စောနာတတ်တယ် ကြားဖူးလို့ သူ မအိပ်ဘဲ မ အိမ်က အသံကိုပဲ နားစွင့်နေခဲ့တာ မကိုယ်ဝန်၉လ ဝင်ကတည်းက။ 

"ဗိုက်နာတယ်... မွေးတော့မယ်နဲ့တူတယ်..."

ဉာဏ်ခေါင်းကို အလုပ်ခဏပေးလိုက်ပြီး အစီအစဉ်ချလိုက်သည်။

"မ... မောင်ရှိတယ်... ဆေးရုံသွားကြမယ်... သည်းခံထားနော်... မောင် ကားသွားယူလိုက်မယ်..."

အလျင်လို အနှေးဖြစ်ဆိုသလို ကားလာယူတာကို ကားသော့က ဘယ်နေရာထားမိမှန်းမသိ။ သူ့အိမ်ထဲကနေ ကားသော့ကို အမြန်ရှာနေရင်း ပြီးမှ မနေ့က ‌အင်္ကျီအိတ်ထဲရှိမှန်း သတိရသွားသည်။ ကိုယ့်ခေါင်းကိုတစ်ချက်ထုပြီး ကားကိုအပြင်ထုတ်လိုက်သည်။ မအရမ်းဗိုက်နာနေတာမို့ သူလည်းအမြန်ပြေးပြီး မကို ပွေ့ချီလာခဲ့သည်။ မက သူ့ကို ကြိုပြင်ထားသည့် ပစ္စည်းယူခဲ့တာမို့ မအိမ်ထဲကို တစ်ခေါက်ပြေးရပြန်သည်။ ဒီလိုနဲ့ ဆေးရုံရေယက်တော့ ၅နာရီထိုးဖို့ နည်းနည်းသာလိုတော့သည်။ မက ဗိုက်နာပြီး ဆရာဝန်‌ကို စောင့်နေရတာနှင့် ခွဲခန်းဝင်ရတော့ ၆နာရီပင်ထိုးနေပြီ။

ရင်ထဲက နေရာ(OC)Where stories live. Discover now