🪻🪻🪻 Part (33)

2.3K 61 2
                                    

🪻🪻🪻
"အန်‌တီမေ... သဇင်မေးစရာရှိတယ်..."

ဟိုဘက်အိမ်မှာမနေဘဲ အားတိုင်း သူ့ဆီရောက်နေသည့် မြတ်ပန်းသဇင်က ဒီနေ့ကျ ငြိမ်နေရင်း ထူးဆန်းနေသည်။ အခု အလေးအနက်မေးလာတာမို့ သူမျက်ခုံးပင့်မိသွားသည်။

"မေးလေ"

"ဟိုလေ... သဇင့် သူငယ်ချင်းတစ်ယောက်ရှိတယ်"

"အွန်း..."

"ဆယ်တန်းအပြီးမှာ ခရီးသွားရင်း ကားတိုက်လို့ မျက်စိကွယ်သွားတာ အဲ့တာ သူ့ကို ချစ်နေတဲ့ ကောင်လေးက သူ့ကိုလက်ထပ်ဖို့ လုပ်ပေမဲ့သူက လက်မခံဘူးဖြစ်နေတယ်။ အဲ့ကောင်လေးက သူ့ကို နှစ်အကြာကြီးစောင့်နေတာ ခုထိပဲ။ သဇင့်သူငယ်ချင်းက အဲ့ကောင်လေးကိုလည်း ချစ်နေတာပဲ။ သဇင်တော့ သူ့ကိုနားမလည်နိုင်ဘူး"

သဇင့်စကားကြောင့် မေယမင်းသော် စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။

"ကောင်မလေးက ကောင်လေးကို ဒုက္ခမပေးချင်လို့ နေမှာပေါ့။ ကိုယ့်ကြောင့် ချစ်ရတဲ့သူ မျက်နှာငယ်ရမှာ ဘယ်သူမှမလိုလားဘူးလေ။ ကောင်မလေးက လက်ခံလိုက်တယ်ထားအုံး။ နောက်ပိုင်းကျ အဲ့ကိစ္စနဲ့ ပြဿနာဖြစ်မလာနိုင်ဘူးလို့ အာမခံလား။ "

"မကြိုးစားကြည့်ဘဲ ဘယ်လိုလို့သိနိုင်မှာလဲ မမ"

"ဟင်..."

ကြားလိုက်ရသည့် အသံကြောင့် ခေါင်းလှည့်ကာ ကြည့်လိုက်မိသည်။ အသံဆင်တယ်လို့ပဲ ထင်နေတာ တွေ့လိုက်မိတဲ့သူက တကယ်သူဖြစ်နေတာလား။

"ရောက်လာပြီလား။ အန်‌ကယ်လေး..."

"အင်း..."

သဇင်နဲ့ သူနဲ့ သိနေတယ်။ အံ့ဩလွန်းလို့ ငုတ်တုပ်ထိုင်နေမိသည့်အထိ။

"မမ..."

"ရှိုင်း..."

သူမနှုတ်ခမ်းက ထိုစကားသာထွက်လာသည်။

"ဘာလို့မပြောခဲ့တာလဲ... မမ..."

ရှိုင်းသူရမျက်ရည်ကျလာပြီး မေယမင်းသော်ရဲ့ ခြေတစ်ဖက်ကို လှမ်းကိုင်လိုက်သည်။ သူမရှေ့မှာ ဒူးထောက်လိုက်ပြီး ဝမ်းနည်းစွာနဲ့ မျက်ရည်ကျနေသည့် ရှိုင်းသူရက ခြေထောက်ကို လာကိုင်မှ သူအသိဝင်လာသည်။

ရင်ထဲက နေရာ(OC)Where stories live. Discover now