🍉🍉🍉
"မ... "သဇင်ထလာသည်နှင့် ကြားလိုက်ရသည်က သူ့အသံ။ ဗိုက်ခွဲထားရလို့ သဇင်က လှုပ်လှုပ်ရှားရှားသိပ်မလုပ်နိုင်လို့ သူက သဇင့်ကို ထူပေးသည်။
"သမီး...."
သဇင်အခန်းထဲရောက်နေသည့် မေမေတို့ကို မြင်တော့ အံ့ဩသွားရသည်။
"မေမေ... ဖေဖေ.... ကိုလတ်..."
သဇင်အမြင်မှားနေမှာစိုး၍ သူ့ကိုကြည့်လိုက်တော့ သူက ခေါင်းညိတ်ပြသည်။ မေမေတို့နဲ့ သူမိသားစုက တစ်ခန်းထဲ အတူရှိနေတာ မဖြစ်နိုင်တာမို့ သဇင်အော်ရယ်မိသည်။ သူမရူးသွားတာပဲ။
"ဟား...."
"သမီး... သတိထားလေ.... "
"မ... မ..."
"ငါရူးနေတာ... ဟီး... အီး.... အဟင့်.... ငါက အရူးမကြီး... မေမေတို့ကိုတောင် မြင်နေရပြီ.... "
"မ... တကယ်... မရဲ့မေမေပါ... မ"
"မင်းလိမ်နေတာ...."
"သမီး... သဇင်... မေမေပါ... သမီး..."
"ငါမရူးချင်သေးဘူး... ငါ့ကလေးတွေနဲ့ နေချင်သေးတယ်... ဉာဏ်ထက်သော်... အဟင့်..."
"ဟာ... မ..."
မက သူ့ကို ဖက်ပြီး မျက်ရည်ကျနေသည်မို့ ဉာဏ် မကို ပြန်ဖက်ပြီး ချော့ရသည်။ မာမီတို့ကတော့ ဆရာဝန်ပြေးခေါ်ကြသည်။
"မရူးပါဘူး... ကလေးတွေက မနဲ့အတူနေမှာလေ... မက မွေးထားတဲ့လူပဲဟာ..."
"မင်းငါ့ကလေးကို မလုရဘူးနော်..."
"မလုပါဘူး... မရာ..."
"မဟုတ်ဘူး... လိမ်နေတာ... အဟင့် အီး... ဟီး...."
မက သူ့ရင်ဘက်ကို ထုပြီး အော်ငိုတော့တာမို့ မရဲ့ လက်ကို ချုပ်ပြီး မကို ဖက်ထားလိုက်သည်။ ဆရာဝန်လာတော့ မကို စိတ်ငြိမ်ဆေးပေးလိုက်မှ မ ငြိမ်ကျသွားသည်။ နောက်ဆုံးတော့ မက ကလေးမွေးပြီး စိတ်ကျရောဂါဖြစ်တာတဲ့။ အရင်က စိတ်ခြောက်ခြားသမျှ တကယ်ဖြစ်တော့မယ် ထင်နေတာတဲ့။ သူ့မိဘတွေကို မြင်တော့ မယုံနိုင်ဖြစ်ဘူး သွေးလန့်သွားပြီး စိတိလွတ်သွားတာတဲ့။ မကို ခံစားစေတဲ့ အဓိက တရားခံက သူမို့ မကို ကြည့်ပြီး ရင်ကွဲမတတ်ဖြစ်နေရသည်။
YOU ARE READING
ရင်ထဲက နေရာ(OC)
Romanceမြတ်ပန်းသဇင်ရဲ့ အဘိုးကြောင့် ခြေထောက်တစ်ချောင်းသုံးလို့မရတော့ဘဲ ထောင်ထဲရောက်ခဲ့ရသည့် အပြစ်မရှိတဲ့ အဖေ့ညီမဖြစ်သူ အန်တီလေးအတွက် ကလဲ့စားချေပေးဖို့ မြတ်ပန်းသဇင်ကို အသုံးချခဲ့သည့် ဉာဏ်ထက်သော်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေရင်း သူမဘဝထဲ အချစ်ဆိုတဲ့အရာက ဝင...