🌸🌸🌸
ဆရာဝန်ပြန်သွားတာနဲ့ မာမီက မျက်စောင်းထိုးရင်း အနားကပ်လာတော့သည်။"မာမီ..."
ဉာဏ်ခေါ်လိုက်ပေမဲ့ မာမီက မျက်နှာသေကြီးနဲ့သာ အနားကို တဖြည်းဖြည်းကပ်လာသည်။
"လာစမ်းပါအုံး....ဟမ်..."
"အား... မာမီ..."
ဒေါ်အိပြည့်ထွန်းမှာ သားဖြစ်သူကို အမြင်ကပ်ကပ်နဲ့ နားရံက်လိမ်ဆွဲလိုက်သည်။ အစက ချွေးမဖြစ်သူက သားကို ဒဏ်ရာရအောင်လုပ်လို့ စိတ်နည်းနည်းကွက်သလိုဖြစ်သွားသေးသည်။ သို့ပေမဲ့ ခုတော့ ကိုယ့်သားအကြောင်း သိသွားတာမို့ နာနာရိုက်ချင်စိတ်က ထိန်းမရ။
"မအိ ... ကလေးကို လွှတ်လိုက်ပါ.... နာနေပြီ..."
အခန်းပြင်ကနေ ဘယ်ချိန်ဝင်လာမှန်း မသိတဲ့ ညီမမေက ထုံးစံပတိုင်း သူ့တူဘက်က။
"လုပ်ပါစေ... ညီမ.... မင်းတူက အရိုက်ခံရမမှ"
"အေးဆေးရှင်းပါ... လက်မပါကြနဲ့လေ..."
"မင်းတူက မဟုတ်လို့လေ အမွှာလေးတွေ ငါးလတောင်မပြည့်သေးဘူး ချွေးမလေးက နောက်တစ်ဗိုက်တဲ့... မင်း... သူများသားသမီးကို..."
ဉာဏ်မှာတော့ ဘာသံမှမထွက်။ တီလေးကတော့ သူ့ကို ကြည့်ပြီး ခေါင်းရမ်းနေသည်။
"သူ့မိန်းမ ဗိုက်ကြီးတာ မထူးဆန်းပါဘူး... အိမ်ထောင်သည်က ကလေးရတာပဲကို..."
"ခုက ငါ့မြေးတွေ တအားငယ်သေးလို့ပေါ့"
"ကိုကြီးက ကိုယ့်မြေးကို လက်မခံချင်တာလား... ရတယ်လေ... မွေးလာတဲ့ကလေး ညီမတာဝန်ထား.... "
ပြောရင်းနဲ့ ပြောလိုက်တဲ့စကားကို သတိရသွားတာနဲ့ ပါးစပ်တိကနဲ ပိတ်ပြီး မျက်လုံးပြူးမိသွားတာက ဒေါ်မေယမင်းသော်။
"ဟို..."
အမြဲတမ်း တူလေးဘက်က ဝင်ပြောပေးခဲ့၍ အကျင့်ပါကာ ပြောလိုက်မိပြီးမှ နောင်တရမိသည်။ ပါးစပ်သရမ်းမိလိုက်တာမို့ သူမ မျက်နှာပျက်နေတာက ထိန်းမရ။ အားလုံးရဲ့ အကြည့်ကလည်း သူမဆီမှာ။ ဘယ်လိုလုပ် မစဉ်းစားဘဲ ပြောလိုက်မိတာလဲ။ ကိုကြီးနဲ့ ယောက်မက ပြုံးစိစိဖြစ်နေပြီး သားဉာဏ်က သူမကို တအံ့တဩကြည့်နေသည်။
YOU ARE READING
ရင်ထဲက နေရာ(OC)
Romanceမြတ်ပန်းသဇင်ရဲ့ အဘိုးကြောင့် ခြေထောက်တစ်ချောင်းသုံးလို့မရတော့ဘဲ ထောင်ထဲရောက်ခဲ့ရသည့် အပြစ်မရှိတဲ့ အဖေ့ညီမဖြစ်သူ အန်တီလေးအတွက် ကလဲ့စားချေပေးဖို့ မြတ်ပန်းသဇင်ကို အသုံးချခဲ့သည့် ဉာဏ်ထက်သော်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေရင်း သူမဘဝထဲ အချစ်ဆိုတဲ့အရာက ဝင...