🌹🌹🌹Part(26)

1.4K 28 2
                                    

🌼🌼🌼
"ကံ့ကော်ရော..."

"သူ့ယောက်ျားအိမ် ပြန်သွားပြီ... "

"သဇင့်ကိုလည်း မပြောပြဘူး "

"နင့်မင်္ဂလာပွဲနဲ့ အလုပ်ရှုပ်နေလို့ မပြောတာ။ "
မကြီးမငယ်နဲ့ နှုတ်ခမ်းဆူပြီး ပြောနေသည့် ညီမဖြစ်သူကို ကြည့်ပြီး မြတ်သူဟိန်း ခေါင်းရမ်းမိသည်။ ကြည့်ရတာ ဟိုဘက်အိမ်က ယောက်ဖတို့ အလိုလိုက်ထားလို့ အသက်အရွယ်ပါ မေ့ပြီး ကလေးပိုဆန်နေသည်။

"ကိုလတ် ခေါင်းရမ်းနေတာ ဘာသဘောလဲ..."

"ဟမ်..."

"သဇင့်ကို တစ်ခုခုပြောချင်နေတာမလား"

"ဟုတ်တယ်... နင်တအား ကလေးဆန်မနေနဲ့ နင်က ယောက်ဖထက်ကြီးတယ်..."

"ကြီးကြီး ဘာဖြစ်လဲ ကိုလတ် အရင်ဆုံး မခတ္တာစစ်ရမဲ့ အဖြေလွှာကို ပြီးအောင်အရင်စစ်လိုက် ဟင့် ကျောင်းအုပ်ကြီးက အိမ်မှာ မိန်းမကြောက်ကြီး.... "

"သဇင်..."

နှာခေါင်းရှုံ့ကာ ပြောနေသော ညီမကို ရိုက်ပစ်ချင်စိတ်က ထိန်းမရ။ သူ့အစ်ကိုကို မရိုမသေနဲ့။

"အမှန်တရားတွေ ပြောပြတာ... "

"သွား... သွား... လာမရှုပ်နဲ့ ကျောင်းနေ့တစ်ဝက်ပိတ်လို့ အိမ်ပြန်ရပါတယ်ဆို နင်ကတစ်မျိုး..."

ကိုလတ်က တကယ်ကြီး စိတ်မဆိုးသွားတာမို့ သဇင်မနေသာတော့။

"ဟီး... စတာပါ.... ကိုလတ် စိတ်မဆိုးရဘူးလေ"

"ပြောတုန်းကပြောပြီး..."

"ကိုလတ်ကလည်း... ဒီလိုလုပ် ကိုလတ်အတွက် KFC ကြက်ကြော်နဲ့ ဒါ ဝယ်တိုက်မယ်လေ..."

လက်ကလေးနဲ့ မော့ပြနေကာ ကိုယ့်အစ်ကိုကို အရက်တိုက်ပြီး စိတ်ဆိုးပြေအောင် ချော့တာက မြတ်ပန်းသဇင်ပင်။

"နေ့ခင်းကြောင်တောင် ငါ့ကိုအရက်နဲ့ ဆွယ်နေတာလား..."

"မတိုက်ပါဘူး ကိုလတ်အတွေးလွန်နေတာ... အချိုရည် အေးအေးလေးတိုက်မယ်လို့... "

ကိုလတ်ကို စနေရတာက စိတ်ချမ်းသာခြင်းတစ်မျိုးပင်။ အီလည်လည်ဖြစ်သွားသည့် မျက်နှာထားက သိသိသာသာ။

ရင်ထဲက နေရာ(OC)Where stories live. Discover now