🌹🌹🌹
နေမကောင်းဘူးဆိုသည့် အကြောင်းပြချက်နဲ့ ဉာဏ် မကိုကပ်ချွဲနေတာ နှစ်ရက်လောက်ရှိပြီ။ မကလည်း အလျှော့ပေးထားသည်မို့ ဉာဏ်တို့အကြိုက်ပင်။"မောင်... စွတ်ပြုတ်သောက်ရအောင် ဆေးသောင်ရမယ်မလား"
"ဟုတ်... "
မကတော့ စွတ်ပြုတ်ပန်းကန်ချပေးပြီးသည်နှင့် ဧည့်ခန်းထဲကနေ ထွက်ဖို့ ပြင်နေသည်။
"မ"
"ဖူးလေးငိုနေလို့ သွားခေါ်အုံးမယ်... ဧည့်ခန်းထဲမှာ ထိုင်နေခဲ့"
ရာဇသံပေးပြီး ခြေမြန်လက်မြန် ထွက်သွားသူက သူ့ရဲ့အမျိုးသမီး မြတ်ပန်းသဇင်။
"အဟမ့်..."
မ ထွက်သွားတာနဲ့ ဧည့်ခန်းထဲ ဝင်လာသည့် မာမီက သူ့ကို ချောင်းလှမ်းဟန့်သည်။
"ငါမပြောချင်လို့ နေနေတာ တရားလွန်နေပြီ.. ချွေးမလေးက ကိုယ်ဝန်နဲ့ ကလေးတွေနဲ့ ပင်ပန်းရတဲ့အထဲ မင်းကိုပါ ဂရုစိုက်နေရတယ်... မကြီးမငယ်နဲ့ မိန်းမနားကပ်နေတာ မြင်မကောင်းဘူး"
"မာမီ... သားတို့က ပြေလည်ခါစလေးမို့ မမြင်ချင်ယောင်ဆောင်ပေးပါ "
သူ့မှာ ပြုံးဖြီးဖြီးနဲ့ မာမီ့ကို မျက်နှာချိုသွေးရသေးသည်။
"မင်္ဂလာကိစ္စ သမီးကို ပြောပြီးပြီလား"
"ဟင့်အင်း... အေးဆေးပြောမလို့ မာမီတို့က စီစဉ်စရာရှိတာ စီစဉ်ထားရင် ရပါပြီ"
"အွန်း သမီးလက်ခံရင် ရပြီ။ မာမီတို့ဘက်က စီစဉ်ပြီးသား။ သမီးကို မျက်နှာမငယ်ရအောင် တင်တောင်းတဲ့ ကိစ္စတွေကို လုပ်ပေးဖို့ မာမီတို့ လုပ်ထားတယ်"
"ဟုတ်ကဲ့... ကျေးဇူးပဲ မာမီ..."
"မာမီတို့ မိဘဝတ္တရားပါ... သားက သမီးကို တန်ဖိုးထားချစ်နေတာကို သမီးနောက်အထင်လွှဲအောင် မလုပ်နဲ့တော့ စကားများစရာရိရင် သားဘက်ကလျှော့လိုက် သမီးရဲ့ စိတ်ဒဏ်ရာတွေကို သားအသိဆုံးမလား"
"စိတ်ချပါ မာမီ... သားဘက်က အမြဲနေပေးလို့ thank you မာမီ"
"မာမီမတွေးဖူးဘူး မာမီ့သားငယ်လေးက မွေးတဲ့မြေးက မြေးဦးဖြစ်နေမယ်လို့ သားနဲ့ သားကြီးက ၈နှစ်လောက်ကို ကွာတာ"
YOU ARE READING
ရင်ထဲက နေရာ(OC)
Romanceမြတ်ပန်းသဇင်ရဲ့ အဘိုးကြောင့် ခြေထောက်တစ်ချောင်းသုံးလို့မရတော့ဘဲ ထောင်ထဲရောက်ခဲ့ရသည့် အပြစ်မရှိတဲ့ အဖေ့ညီမဖြစ်သူ အန်တီလေးအတွက် ကလဲ့စားချေပေးဖို့ မြတ်ပန်းသဇင်ကို အသုံးချခဲ့သည့် ဉာဏ်ထက်သော်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေရင်း သူမဘဝထဲ အချစ်ဆိုတဲ့အရာက ဝင...