🪻🪻🪻
"အဲ့ကောင်မက လက်မလျှော့သေးဘူးလား။ နင်နဲ့ ကိုသီဟမောင်တောင် နောက်နှစ်ဆို ယူကြတော့မှာကို""ယုရယ်... နင် အဲ့ကောင်မအကြောင်း မသိတာလည်းမဟုတ်ဘူး။ ငါ့ကို မယှဉ်နိုင်လို့ ပူလောင်နေတာလေ"
မေယမင်းသော်က ယုယုနွေးကို နေ့လည်က ပျိုးပန်းအိမ် လာသွားတဲ့ ကိစ္စကို ပြန်ပြောနေသည်။ ယုယုနွေးဆိုတာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း။
"ဒါမဲ့ ခုလိုလိုက်ကပ်နေတာ နင်လည်း သတိထားအုံး"
"ကောင်းပါပြီ... နင့်စကားနားထောင်ပါ့မယ်"
ထိုတော့မှ ယုက တခစ်ခစ်နဲ့ ကျေနပ်စွာ ရယ်လိုက်သည်။ ယု စိတ်မချတာလည်း မှန်နေသည်။ ပျိုးပန်းအိမ်က သူမတို့ထက် သုံးနှစ်လောက် ကြီးသည်။ uniမှာ သိခဲ့ကြတုန်းက သူတို့က final ဖြစ်ပြီး ယုတို့က first year ။ ဒုတိယနှစ်က ကိုသီဟမောင်ကို အသေအလဲကြိုက်နေတာက ပျိုးပန်းအိမ်။ ယုတို့ကို သူငယ်ချင်းလို ပေါင်းချင်တယ်ဆိုလို့ ခင်လိုက်တာ အစ်မတောင် မခေါ်ဘဲ သူငယ်ချင်းလိုနေခဲ့ကြသည်။ သို့ပေမဲ့ အကျင့်မကောင်းဘဲ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ပြောလွန်းလို့ ယုတို့က သူ့ကိုရှောင်ဖယ်ရှောင်ဖယ် လုပ်ခဲ့ကြသည်။ သူကတော့ အတင်းလိုက်ပေါင်းတာပင်။ အဲ့တုန်းက ပြဿနာက မကြီးသေး။ ပြဿနာစတာက ကိုသီဟမောင် ယမင်းကို လာကြိုက်မှ ဖြစ်သည်။ မကျေမနပ်ဖြစ်ပြီး နေမရထိုင်မရဖြစ်သွားတဲ့ ပျိုးပန်းအိမ်က ယမင်းက ကိုသီဟမောင်ကို သူကြိုက်နေမှန်းသိလို့ တမင်စိတ်ဝင်စားအောင် သွားလုပ်ပြမှန်းရော စုံနေအောင် သွားပုပ်လေလွှင့်ပြောခဲ့တာ မကြားချင်မှအဆုံးပင်။ သူငယ်ချင်းမလေး မေယမင်းသော်က ကိုသီဟမောင်ကို လွယ်လွယ်နဲ့ ချစ်သူအဖြစ်လက်မခံခဲ့။ ပျိုးပန်းအိမ်ရှေ့မှာ တမင်ချိန်းပြီး ခုနစ်နှစ်ဆိုတဲ့ အချိန်အတွင်း သူ့ကိုစောင့်နိုင်ရင် သူ့အချစ်ကို လက်ခံပေးမယ်ဟု တမင်ပြောခဲ့လေသည်။ အဲ့နေ့က အားလုံးရှေ့ အရှက်ရသွားခဲ့သူက ပျိုးပန်းအိမ်ပင်။ ဘာလို့လဲဆိုတော့ ကိုသီဟမောင်က ခုနစ်နှစ်မဟုတ်ဘဲ ဆယ်နှစ်ဆိုလည်း စောင့်မယ်ဆိုတဲ့ စကားကြောင့်ပင်။ ကျောင်းပိတ်သွားတော့ ပျိုးပန်းအိမ်လည်း ဘွဲ့ရပြီး ဘယ်ရောက်သွားခဲ့မှန်းတော့ မသိ။ ကိုသီဟမောင်ကတော့ ယမင်းကို ခုနစ်နှစ်ကြီး တကယ်စောင့်ခဲ့သည်။ ခုနစ်နှစ်ကာလကြားထဲမှာ ယုနဲ့ယမင်းကတော့ နိုင်ငံခြားမှာပင် ပညာသင်သွားခဲ့ကြသေးသည်။ ခုနစ်နှစ်အကြာမှာ ယမင်းက သူ့စကားအတိုင်း ကိုသီဟမောင်နဲ့ ချစ်သူဖြစ်လာသည်။ ယုအတွက် ကန့်ကွက်စရာမရှိပေါ့။ တကယ်တမ်းပြောရရင် သီဟမောင်က ယမင်းနဲ့ယှဉ်ရင် အခြေအနေ အကွာကြီး။ ယမင်းက သူ့ထက် အရမ်းချမ်းသာတဲ့ သူဌေးသမီးလေ။ သို့ပေမဲ့ ကိုသီဟမောင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်တအားကြိုးစားသည့် လူငယ်တစ်ယောက်။ ဒါကြောင့် ယမင်းတို့အိမ်ကလည်း မကန့်ကွက်ခဲ့။ ခုဆို ယမင်းတို့တွဲနေတာ လေးနှစ်ကျော်လောက်ရှိနေကြပြီ။ ဒီကြားထဲ ယုနှမျောမိတာက ယမင်းကို ယောက်မမတော်ရတော့တာမို့။
YOU ARE READING
ရင်ထဲက နေရာ(OC)
Romanceမြတ်ပန်းသဇင်ရဲ့ အဘိုးကြောင့် ခြေထောက်တစ်ချောင်းသုံးလို့မရတော့ဘဲ ထောင်ထဲရောက်ခဲ့ရသည့် အပြစ်မရှိတဲ့ အဖေ့ညီမဖြစ်သူ အန်တီလေးအတွက် ကလဲ့စားချေပေးဖို့ မြတ်ပန်းသဇင်ကို အသုံးချခဲ့သည့် ဉာဏ်ထက်သော်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေရင်း သူမဘဝထဲ အချစ်ဆိုတဲ့အရာက ဝင...