🥑🥑🥑 Part (23)

2.7K 62 2
                                    

🍁🍁🍁
"ပြောပါအုံး... ဘာဖြစ်ကြပြန်တာလဲ"

"ငါလည်းမသိဘူး... သူ့ဘာသာ ငါ့ကိုစကားမပြောတာ ချို ငါမှာလိုက်တဲ့ သရက်သီးသုပ်ပါလား..."

"ပါတယ်... ကိုကိုမသိအောင် ငါခိုးဝယ်ခဲ့ရတာ သဇင် နင့်ကလေးငယ်သေးတယ် လျှောက်မစားနဲ့ နည်းနည်းပဲစား..."

"အွန်း..."

ပလုတ်ပလောင်း စားနေတဲ့ သူငယ်ချင်းကို ကြည့်ပြီး တေးချိုချို အံ့ဩမိသည်။ ဉာဏ်က အငတ်ထားတာကျနေတာပဲ။

"သဇင် ဗိုက်ကြီးသည်က ငါလေ... နင်နဲ့ငါ လွှဲနေသလားလို့"

ချို့ကို ကြည့်၍ သဇင်လက်တို့ တုံ့ကနဲ ဖြစ်သွားသည်။ သူမရဲ့ ဒီကိုယ်ဝန်က မေမေတို့ကိုတောင် ပေးမသိသေး။

"ဘာလဲ မဟုတ်မှ နင်... သဇင် အမှန်တိုင်းပြော"

လိမ်လို့မရတဲ့ထဲ ချိုကပါနေသည်။ သူမ အမူအရာပျက်တာနဲ့ သူက ချက်ချင်းသိသည်။ ခေါင်းအသာညိတ်ပြတော့ မယ်မင်းကြီးမက မျက်လုံးပြူးပြီး ပါးစပ်ကလည်း မစိနိုင်ဖြစ်နေသည်။

"‌ခွင့်မလွှတ်ဘူးဆို ဘာညာနဲ့ နင်..."

"နင်ထင်သလို မဟုတ်ဘူး..."

"ဘာတဲ့လဲ ဉာဏ်က..."

"မသိဘူး... "

"ဘာမသိတာလဲ ဝမ်းသာလားမေးနေတာ..."

"ငါမသိဘူးလေ... အမွှာလေးတွေ ငယ်သေးတော့ လိုချင်ပုံ မပေါ်ဘူး"

"နင်အထင်လွှဲနေတာလား..."

"မသိဘူး... ငါ့အမြင်နဲ့ငါ ပြောနေတာ သူပျော်တယ်လို့မပြောသလို ပျော်နေတဲ့ပုံလည်း မမြင်ဖူးဘူး"

သူတို့ကြားထဲ မပွင့်လင်းလို့ ကတောက်ကဆဖြစ်ပြန်ပြီလို့ တေးချိုချို ထင်လိုက်မိသည်။

"သေချာဆွေးနွေးကြည့်ပေါ့"

"စိတ်ရှုပ်တယ်... အခု နောင်တရမိတယ် ကိုယ်ဝန်ရှိမှန်းသိကတည်းက နိုင်ငံခြားကိုထွက်သွားမိရင် ငါလည်းမရူးလောက်ဘူး။ ငါ့ကလေးတွေနဲ့ ရုန်းကန်နေရမှာက ပိုပျော်ဖို့ကောင်းတယ်... နင်ပဲ စဉ်းစားကြည့် သူငါ့ကို အဖတ်မလုပ်တော့ ငါက အပိုလူပဲလေ... သူတို့အိမ်မှာနေရတာ ငါက ဘယ်သူလဲဆိုတာ ရှာမတွေ့တော့သလိုပဲ"

ရင်ထဲက နေရာ(OC)Where stories live. Discover now