🌼🌼🌼 Part (8)

2.7K 59 1
                                    

🍁🍁🍁
"ဖြိုးခန့်... မင်းတို့တွေကွာ.... ကျစ်..."

"ဉာဏ် အဲ့ဒါဟိုကောင်...."

ဉာဏ်က ဒေါသနဲ့ ပေါက်ကွဲနေတာမို့ သူတို့လည်း ငြိမ်နေမိသည်။

"မင်းတို့ကြောင့် ငါအခု ဘာလုပ်ရမှန်းကို မသိတော့ဘူး..."

"မင်းနဲ့သူနဲ့ ပတ်သက်ပြီးမှတော့ ယူကြမှာမလား..."

"အဲ့ကိစ္စ မင်းတို့ တွေးသလောက် မလွယ်ဘူးကွ... ငါ့တီလေးကို ငါဘာပြန်ပြောရမှန်းမသိတော့ဘူး..."

"မင်းတီလေးက သဘောကောင်းပါတယ်...."

"တီလေးနဲ့ မတို့မိသားစုကြားက ပြဿနာက မင်းထင်သလောက် မရိုးရှင်းဘူး ကျစ်... တီလေးက ကျန်းမာရေးသိပ်မကောင်းဘူး ...."

"မင်းတို့ကြားက ပြဿနာက ဘယ်လိုကြီးလဲဟ...."

"နောက်မှ မင်းတို့ကို အေးဆေးပြောမယ်...."

ထိုစဉ် သူတို့ဆီ အမောတကော ပြေးလာသည့် သူငယ်ချင်းမတွေကြောင့် ဉာဏ်တို့အဖွဲ့မှာ ထူးဆန်းသွားသည်။

"ဘာဖြစ်ကြတာလဲ "

"အစ်မကို မတွေ့တော့ဘူး... အဝတ်အစားက ကျန်နေသေးတယ် ဒါမဲ့ ဖုန်းတွေပိုက်ဆံအိတ်တွေ မရှိတော့ဘူး။ အစ်မ ရှက်ပြီး ထွက်သွားတာထင်တယ်..."

"ဟုတ်တယ်... ငါတို့ကို စကားတောင် တစ်ခွန်းမှမပြောဘူး။ ငါတို့ထမင်းကျွေးလည်း ခဏနေစားလိုက်မယ် ပြောပြီး မစားထားဘူး ငါတို့အပေါ်ပြန်တက်ကြည့်တော့ အစ်မက ပျောက်နေပြီ..."

"ဟာ... မက..."

"ဉာဏ်... အစ်မက အနီးအနားသွားရုံတင်ဖြစ်မှာပါ... "

"မဟုတ်ဘူး မက အရမ်းခံစားနေမှာ မင်းတို့ရှေ့မှာ သူတအားရှက်သွားမှာ... မကို လိုက်ရှာကြမယ်..."

"အင်း ငါတို့ ဝိုင်းရှာကြတာပေါ့..."

🥀🥀🥀
သံစဉ် ကားပေါ်မှာ ခေါင်းကိုက်၍ တစ်ချိန်လုံး အိပ်လာမိသည်။ မနေ့ညက အကြောင်းကို ဖြစ်နိုင်ရင် မေ့ပျောက်ချင်မိသည်။ သူမ ဆေးခပ်ခံလိုက်ရတာကို ကိုယ့်ကိုယ်ကို သိသည်။ သူမမိဘတွေကို ဘယ်လိုမျက်နှာချင်း ဆိုင်ရမှန်းမသိတော့ပေ။ မောင်တို့ သူငယ်ချင်းအဖွဲ့နဲ့ ပြန်တွေ့ကြတော့ သူမတို့ကို ကြည့်နေကြတဲ့ အကြည့်ကို သဇင် ခံနိုင်ရည်မရှိပါ။ သူတို့မျက်လုံးထဲမှာ သူမက တန်ဖိုးမဲ့တဲ့ သူတစ်ယောက်အဖြစ် နေ့ချင်းညချင်း ပြောင်းလဲသွားတာပင်။ ပြီးတော့မောင်က တာဝန်ယူမယ် ပြောပေမဲ့ မောင့်မျက်နှာပေါ်က စိတ်ရှုပ်ထွေးနေမှုကို သူမမြင်နေရသည်။ ပြီးတော့ သူမဆီ ဝင်လာသည့်ဖုန်းစိမ်း တစ်ခုက သူမကို ခြောက်လှန့်နေပေသည်။ မင်းမိဘတွေ ရင်ကွဲပက်လက်မဖြစ်စေချင်ရင် ငါ့တူနဲ့ ဝေးရာမှာနေတဲ့။ မောင်ရဲ့ တီလေးဆိုသည့်လူတဲ့။ မောင့်နဲ့ သူမဘဝက ပတ်သက်ပြီးသွားပြီလေ သူမဘဝကကော။ ကလောမှာ အသိမရှိတာမို့ သူမဘယ်သွားရမှန်းမသိလို့ ချက်ချင်းကားငှားပြီး တောင်ကြီးသို့သာ လာခဲ့တော့သည်။

ရင်ထဲက နေရာ(OC)Where stories live. Discover now