🌼🌼🌼
("ဟဲ့... နင်တစ်ယောက်တည်း ဉာဏ်စိတ်ပူနေမယ်")"ငါကလေးမှ မဟုတ်တော့တာ... ကလေးတွေအတွက် diaper နဲ့ နို့မှုန့်ဝယ်ပြီး ပြန်မှာ နင်မအားလည်း အဆင်ပြေတယ် ငါက မေးကြည့်ရုံပါ"
("ကလေးငယ်သေးလို့ မာမီက အပြင်မထွက်ခိုင်းဘူး။ နင်လည်း ဂရုစိုက်")
"အင်း... အဲ့ဆို ဒါပဲ"
မောင်နဲ့ OG လိုက်အပ်ပြီး အပြန်မှာ မောင်အလုပ်ကိစ္စရှိလို့ လိုက်မပို့နိုင်တာကြောင့် သဇင် ကလေးတွေအတွက် လိုအပ်တာဝယ်ဖို့ shopping center သို့ ဝင်လာခဲ့သည်။ တေးချိုချိုကို အဖော်စပ်လိုက်ပေမဲ့ သူ့လင်တော်မောင် ကိုနေမင်းညီက အပြင်မထွက်ခိုင်းလို့ မလာနိုင်နာကို သူ့ယောက္ခမကြီးကို အကြောင်းပြနေတာမို့ သဇင် အချိုမကို လင်ထိပ်ထားစံလို့ ခေါ်ချင်လာမိသည်။ အားနေ ကိုကိုကလေနဲ့ ကြည့်မရတော့။ ကိုယ်လည်း အိမ်ထောင်သည်ပဲ သူတို့အတွဲလောက်တော့ မခွဲနိုင်မခွာနိုင်မဖြစ်။
"ဘယ်သူများလဲလို့ လက်စသတ်တော့ ရှင်က ကျွန်မယောက်ျားက ပစ်ပြီး ကျွန်မကို ရွေးချယ်ခဲ့တာ သနားစရာ ဒုက္ခိတမလေး မေယမင်းသော်ပါလား"
"တောက်စ်...."
ဒေါ်မေယမင်းသော် ဒေါသထွက်လွန်းလို့ စကားတောင် မပြောနိုင်တော့။ မုန်းစရာ အတိတ်ဆိုးကြီးက သူမရှေ့ရောက်လာပြီ။
"နင့်လို ဒုက္ခိတမကို ဘယ်သူမှ မယူချင်ပါဘူး.... ခုထိ အပျိုကြီးပဲမလား မေယမင်းသော် ဟားဟား"
"အဘွားကြီး... စိတ်ရောဂါကုဆရာဝန်နဲ့ ပြသင့်တယ်နော် ဒီအသက်အရွယ်ကြီးနဲ့ လင်တရူးနေတာ"
"ဘာ... ကောင်မ... "
"မြတ်ပန်းသဇင်..."
"တီလေး... အသက်ကြီးနေတဲ့ အဘွားကြီးနဲ့ ရန်မဖြစ်ပါနဲ့ တီလေး လေကုန်တာပဲ အဖတ်တင်တာ"
သဇင် လူအုံနေတာ ကျော်သွားဖို့ လုပ်ပေမဲ့ ကြားလိုက်ရသည့် နာမည်ကြောင့် လူကြားထဲ အမြန်တိုးဝင်လာခဲ့သည်။ အခြေအနေကို ခဏလေးနဲ့ နားလည်သဘောပေါက်မိသွားသည်။ ဒေါ်မေယမင်းသော်ရဲ့ အတိတ်ဆိုးကြီးပေါ့။ အိမ်မှာသာ သူနဲ့မတည့်ရင်နေမယ် တကယ်တမ်း သူက မောင့်ရဲ့တီလေးမို့ သဇင်ဝင်ပါလိုက်သည်။ တခြားအချိန်မှာသာ အချင်းချင်း သတ်ရင်သတ်နေမယ် ဒီလိုအချိန်ကျ သူ့ဘက် ရပ်တည်ပေးရမည်။
YOU ARE READING
ရင်ထဲက နေရာ(OC)
Romanceမြတ်ပန်းသဇင်ရဲ့ အဘိုးကြောင့် ခြေထောက်တစ်ချောင်းသုံးလို့မရတော့ဘဲ ထောင်ထဲရောက်ခဲ့ရသည့် အပြစ်မရှိတဲ့ အဖေ့ညီမဖြစ်သူ အန်တီလေးအတွက် ကလဲ့စားချေပေးဖို့ မြတ်ပန်းသဇင်ကို အသုံးချခဲ့သည့် ဉာဏ်ထက်သော်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေရင်း သူမဘဝထဲ အချစ်ဆိုတဲ့အရာက ဝင...