🍊🍊🍊 Part (19)

2.8K 65 1
                                    

🌼🌼🌼
"သမီး... အစောကြီးနိုးနေတာလား..."

"ဟုတ်..."

သဇင်အတွက်တော့ ရှင်းပါသည်။ သဇင့်မိဘတွေက ကလေးတွေအတွက်ပြောလို့ သူမထိုအိမ်မှာနေဖို့လက်ခံသည်။ သို့ပေမဲ့ အရောတဝင်မဟုတ်။ သူတို့တစ်ခွန်းမေး တစ်ခွန်းဖြေရုံသာ။ သူမနာကျင်ခဲ့ရသည့် အချိန်ကို မမေ့နိုင်တာဆို ပိုမှန်မည်။ ဘယ်လိုစိတ်နဲ့ သူတို့ကို ရင်းနှီးနိုင်မှာလဲ။ သဇင့်နေရာမှာ သူတို့မှမဟုတ်တာ။

"သမီး မနက်စာမစားရသေးရင် အတူစားကြမယ်လေ..."

"စားပြီးသွားပြီ... သဇင် ကလေးတွေကို သွားကြည့်လိုက်အုံးမယ်..."

စကားဆိုတာ ပြောတာများရင် အမှားပါနိုင်တာမို့ သဇင်သူတို့နဲ့ အတတ်နိုင်ဆုံးရှောင်နေမိသည်။ သဇင် ဒီအိမ်မှာ နေနေတာ ကလေးတွေအတွက်မို့ ကလေးတွေကိုသာ အချိန်ပေးဖြစ်သည်။

"မမလေးက စိမ်ကားသွားတယ်နော်... မပြုံး..."

"အွန်း... အရင်က မမလေးက ပိုချစ်စရာကောင်းတယ်..."

"ဟုတ်တယ် ခု မမလေးက ငါတို့ကိုတောင် ပြောစရာရှိမှ စကားပြောတာ။ "

ဒေါ်အိပြည့်ထွန်းမှာ မိသူနဲ့မိပြုံးစကားကို နားထောင်ရင်း သက်ပြင်းရှည်ကြီး ချမိသည်။ သဇင် ဒီအိမ်က ထွက်မသွားတာတောင် ဝမ်းသာလှပြီမလား။ ခုတော့ တစ်အိမ်တည်းနေပြီး မေးထူးခေါ်ပြောရုံသာရှိသည်။ ခုတော့ နံနက်စာဝိုင်းလေးက တိတ်ဆိတ်နေသည်။ လွန်ခဲ့တဲ့ရက်ကအထိ စားဖြစ်သူက ချွေးမဖြစ်သူကို ခွန့်ကျွေးလိုက် ချွေးမဖြစ်သူက ဂျီကျလိုက်နဲ့ ဆူညံနေခဲ့တာ။ ခုမြေးလေးတွေရှိနေလို့သာ တော်တော့သည်။

🌷🌷🌷
"အင်း.... ငါက ပြန်လုပ်စရာလား... အဲ့လောက်ထိ အရှက်ကွဲထားပြီးမှ အလှောင်ခံဖို့ ပြန်သွားစရာလား။ ငါ့အလုပ်ကို ချစ်ပေမဲ့ နင်ပဲ စဉ်းစားကြည့်လေ ငါ့လုပ်ဖော်ကိုင်ဖက်တွေ ငါ့ကို ဘယ်လိုမြင်ကြမလဲ"

"...."

"တောင်းပန်ပါတယ်... ငါမလာနိုင်တော့ဘူး။ အစက ကလေးမွေးပြီးရင် နင့်ဆီလာမလို့ပါ။ ကံတရားကြောင့်ပေါ့ ငါအရူးဖြစ်သွားတာ။ ငါ့မိဘတွေက သူတို့ကို အကောင်းမြင်နေပြီလေ ငါခံစားခဲ့ရတာကို ဘေးဖယ်ထားရတာပဲ"

ရင်ထဲက နေရာ(OC)Where stories live. Discover now