🪴🪴🪴 Part (34)(The End)

5.6K 100 6
                                    

🌼🌼🌼
"ခန့်သော်..."

"ရောက်ပြီလား... ထိုင်ကြအုံး..."

ခန့်သော်ကိုယ်တိုင် နေမင်းညီတို့ ဇနီးမောင်နှံကို နေရာချပေးသည်။ ဒီနေ့က ရှိုင်းသူရနဲ့ မေယမင်းသော်တို့ရဲ့ မင်္ဂလာပွဲ။ ဝေဖန်ကြသူတွေရှိရိုးထုံးစံဖြစ်ပေမဲ့ မည်သူမျှတော့ ပေါ်တင်မပြောရဲကြ။ သတို့သားဖြစ်သူကိုယ်တိုင်က သူ့သတို့သမီးလေးကို မျက်စိအောက်က အပျောက်မခံနိုင်အောင် သည်းပြနေသည်။ အချစ်ဆိုတာ မျက်စိမရှိဘူး။ ချစ်မိရင် သူနဲ့ပတ်သက်ပြီး အရာရာ နားလည်ပေးနိုင်တာကလည်း ချစ်ခြင်းတစ်မျိုးမလား။

"ကိုကို သမီးလေး တလွှဲမလုပ်လောက်ပါဘူးနော်..."

မကြာခင် ပန်းကြဲတော့မည့် သမီးဖြစ်သူကို စိတ်မချ၍ တေးချိုချိုစိုးရိမ်‌နေမိသည်။

"စိတ်ချပါ... သူအစ်မတွေလည်း ပါနေတာပဲ..."

"နှင်းစက်လေးနဲ့ နှင်းဖွေးလေးက သိတတ်နေပြီ... ကိုကို့သမီးက လက်တောက်လောက်လေး... ကိုခန့်သော်တို့သဇင်တို့မြောက်ပေးနေတာ မြင်နေပြီ တလွှဲလုပ်တော့မှာ"

"ဟားဟား... တေးကလည်း ကိုယ့်သမီးကို အထင်အရမ်းကြီးတာပဲနော်..."

"ဟွန့်... ရယ်နေလိုက် အဲ့မှာ..."

"မစိုးရိမ်ပါနဲ့ နေခြည်ရှိနေတာပဲ... သူ့တူမကို သင်ပေးနေတယ်လေ..."

"နေခြည်ကလည်း တအားအလိုလိုက်နေတာ နောက်ဆို တစ်အိမ်လုံးဘယ်သူမှ မနိုင်တော့ဘူး..."

တတွတ်တွတ်ရေရွတ်နေတဲ့ မိန်းမဖြစ်သူကို ကြည့်ရင်း သူပြုံးလိုက်မိသည်။ လက်ထပ်ခါစတုန်းကနဲ့မတူ တေးက သိပ်ကိုစွာလာသည်။

ခဏအကြာတော့ သီချင်းသံနဲ့အတူ ချစ်ပန်းနေကြာလေးက သေးသေးလေးနဲ့ ရှေ့ဆုံးကနေလျှောက်လာသည်။ အဖြူရောင် ဂါဝန်လေးနဲ့ တအားကိုချစ်ဖို့ကောင်းနေသည်။  နောက်မှာတော့ နှင်းစက်မဟာနဲ့ နှင်းဖွေးမဟာတို့ အမွှာနှစ်ယောက်။ မိဘတွေက အချောအလှတွေမို့ အမွာနှစ်ယောက်က အပြိုင်လှနေတော့သည်။ သတို့သားကတော့ သူ့သတို့သမီးကို ပွေ့ကာ ခေါ်လာသည်မှာ romantic ဆန်ဆန်။ နေကြာလေးက ကလေးပီပီ လျှောက်လိုက်ရပ်လိုက်နဲ့ နေခြည်ကတော့ video လိုက်ရိုက်ပေးနေသည်။ လျှောက်လမ်းမဆုံးမချင်း တေးတို့နှစ်ယောက် သတို့သားသတို့သမီးကိုတောင်မကြည့်အား။ သူမတို့ဘက်ကိုပါ လှည့်ပြီး ရယ်ပြကာ ပန်းကြဲလိုက်သေးသည်။ နေခြည်က အချက်လှမ်းပြမှ ရှေ့ကိုလျှောက်သည်။ နေကြာလေးကို လမ်းအဆုံးမှာ နေမင်းညီက သွားပွေ့ချီခေါ်လာတော့သည်။ နေကြာလေးကို ဓာတ်ပုံရိုက်ချင်ကြလို့ ခွင့်တောင်းတော့ နေမင်းညီ သူ့သမီးစိတ်ရှုပ်မှာ ကြောက်နေပြီး ငြင်းချင်ပေမဲ့ တေးချိုချိုက ခွင့်ပြုလိုက်သည်။ ဆူပုတ်နေကာ သူ့သမီးစိတ်မရှုပ်ဘဲ ပြုံးနေတာမြင်မှ မျက်နှာချိုးက ပြောင်းလာသည်။

ရင်ထဲက နေရာ(OC)Where stories live. Discover now