အပိုင်း (၁)Uni+Zaw

36.5K 655 7
                                    

              "shit..... ငါလိုးဘဲ...ဟျောင့်မင်းပါးစပ်အားနေရင် ငါ့လီးလာစုပ်ထားလိုက်ဟျောင့်...."

                     ဧကရာဇ်မင်းထင်ရဲ့စကားကြောင့် ရှေ့မှဒေါသတကြီးရပ်နေသည့် ဒေါနက အပြေးလာကာ သူ့ကိုထိုးရန်ပြင်တော့သည်။ ဧကရာဇ်ကလဲ မူးနေသည့်အရှိန်နှင့်မို့ မရှောင်လိုက်နိုင်ကာ သသူ့ပါးတစ်ဖက်ကတော့ပူခနဲဖြစ်သွားကာ ပါးစောင်ပါကိုက်မိပြီး ပါးစပ်မှသွေးများပင်ထွက်လာသည်။ ဒေါသဘာကြောင့် ဒေါသကြီးနေလဲသူသိပါသည်။ အဘယ်ကြောင့်ဆိုသော် ဒေါနရဲ့ လက်ရှိရီးစားက ဧကရာဇ်ကို ကြိုက်နေတာကြောင့် ဒေါနနှင့်ဖြတ်ကာ ဧကရာဇ်ဆီရောက်လာခြင်းပင်။ သို့ပေမယ့် ဧကရာဇ်လက်မခံခဲ့ပါ ။ သို့ပေမယ့်ထိုမိန်းကလေးဟာ ဧကရာဇ်နားဘဲဝဲလည်ခတ်ကာ ဧကရာဇ်ဘယ်သွားသွားရှိနေတတ်သည်။ သူ့နားမရှိသည့်အချိန်က ဧကရာဇ် Companyတွင်ရှိသည့်အချိန်ပင်ဖြစ်သည်။ ထိုအရာကိုဒေါနက မကျေနပ်သဖြင့် သူအလုပ်အားလို့ Bar ထိုင်သည့်အချိန်တွင် ဘလိုင်းကြီးရန်လာစတာဖြစ်သည်။ အစကတော့ ဘာမှမပြောဘဲ လှည့်ပြန်ဖို့လုပ်ပေမယ့် မူးနေသည့်အရှိန်ဖြင့် ပါးစပ်ကပြောမိပြောရာပြောလိုက်သည်။

                  "ဟာ...အကိုတို့...မလုပ်ပါနဲ့..." 
  
                ဧကရာဇ် ပြန်ထိုးရန်ပြင်လိုက်တော့ Bar တွင်ရှိသသည့်လုံခြုံရေးများက သူတို့နှစ်ယောက်ကိုအတင်းဆွဲကာ တားကြသည်။

                  "ဟေ​ျာင့်ဧကရာဇ်...ငါနဲ့မင်းနဲ့မကျေသေးဘူး..."

                   "အချိန်မရွေးဘဲဟျောင့်...တစ်ခုပြောလိုက်မယ်...မင်းရဲ့ကောင်မ မပြောနဲ့ ဘယ်ကောင်မ မှကြိုက်တဲ့ကောင်မဟုတ်ဘူး...မင်း ကောင်မလို စားပြီးသားဆို ငါကပိုတောင်ရွံသေးတယ်..."

                  ထိုသို့အနိုင်ပိုင်းကာ နောက်ကိုလှည့်မကြည့်ဘဲ ကားထားရာနေရာသို့ ပြန်လာလိုက်သည်။ နောက်မှဆိုဆဲသံကြားရပေမယ့် သူ့အ​ခြေနေကမဟန်တော့ပေ။ ဒီနေ့သူတော်တော်သောက်မိလိုက်ပြီဘဲ။ ပြီးနောက် မူးနေသည်ကြောင့် အိမ်ပြန်ရန်အဆင်မပြေတော့ပေ။ ထို့ကြောင့်သူ ဒီညကားထဲမှာသာအိပ်ရန်တွေးလိုက်သည်။ မနက်ရောက်မှ အိမ်ဝင်ပြီး အဝတ်စားလဲကာ Company. သွားရတော့မည်။ မဟုတ်လဲ သူ့ကိုအိမ်မှာစောင့်နေမယ့်သူရှိမှမရှိဘဲ။ မာမီကလဲ နောက်အိမ်ထောင်နှင့် UK မှာအခြေကျနေသည်။ ဒယ်ဒီကတော့ လွန်ခဲ့တဲ့နှစ်နှစ်ကတင် ကင်ဆာကြောင့်ဆုံးသွားတာဖြစ်သည်။

My Bedfellow is My husband (Completed)Where stories live. Discover now