အပိုင်း (၁၀) Uni+Zaw

10.7K 489 2
                                    

             ဘန်ကောက်​မြို့ရှိ club တစ်ခုတွင်ဖြစ်သည်။ ဧကရာဇ်တို့ Club ထဲဝင်လာသည်နှင့် club ထဲရှိ မိန်းကလေးများသာမက ယောကျာ်းလေးများပါလည်ပြန်ငေးနေကြသည်။ သေချာတာကတော့ ခန့်ညားချောမောသော ဧကရာဇ်မင်းထင်နှင့် လှပပြီး sexy ကျသော Linn ကြောင့်ပင်ဖြစ်လိမ့်မည်။ ဧကရာဇ် ချောင်ကျသော နေရာတွင်ထိုင်ကာ ဝိုင်ကိုစိမ်ပြေနပြေထိုင်သောက်နေသော အမျိုးသားငယ်တစ်ဦးထံသွားကာ နောက်မှ ပါလာသော လက်နက်ထည့်ထားသော ေသတ္တာကို မေးဆတ်ပြကာ ထိုအမျိုးသား၏မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။ ထိုအမျိုးသားသည် ပိန်ပါးသောခန္ဓာကိုယ် ချစ်စရာကောင်းသော မျက်နှာကိုပိုင်ဆိုင်ထားပေမယ့် မျက်နှာတွင် မာန်ကတော့အပြည့်ပင်။ ထိုကောင်လေးကတော့ The Wolf ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သော စေစားရာပင်။

             "အို့....A ဂိုဏ်းက ခေါင်းဆောင်ကိုယ်တိုင်လာတာဘဲ....မထင်ထားဘူး ဒီလိုလာတွေ့လိမ့်မယ်လို့...."

           ထိုကောင်လေးရဲ့ချိုအီလှသည့်အသံကြောင့် ဧကရာဇ်မျက်မှောင်ကြုံ့လိုက်သည်။ ထိုအချင်းရာကိုမြင်တော့ စေစားရာက မဲ့ပြုံးပြုံးကာ နောက်ကလူကိုလှည့်ကာပြောလိုက်သည်။

            "ပိုက်ဆံထည့်ထားတဲ့သေတ္တာယူခဲ့...."

           ပြောပြီးမကြာ ထိုပိုက်ဆံသေတ္တာကို စေစားရာ၏အရှေ့သို့ချပေးလာတာကြောင့် ဧကရာဇ်ကလဲ လက်နက်ထည့်ထားသော သေတ္တာကိုယူကာ စေစားရာ၏ရှေ့သို့ တိုးပေးလိုက်သည်။ 

              "တူတူပေးရင်မကောင်းဘူးလား...စီးပွားရေးဆိုတော့ ဘယ်နေရာမှ အမှားခံလို့မရဘူးလေ...."

              ဧကရာဇ်အပြောကို စေစားရာ ရယ်သည်။ သို့ပေမယ့် ခနသာတည်သွားပြီး ခေါင်းကိုငြိမ့်ပြတာကြောင့် ဧကရာဇ်လဲ စေစားရာနည်းတူ သေတ္တာကိုရှေ့တိုးပြီး လဲလိုက်ပြီး မျက်မှောင်ကြုံ့လိုက်သည်။

               "ဖြစ်နိုင်ရင် မင်းလူကိုအကြည့်တွေသိမ်းစေချင်တယ် ကိုယ့်ဓားက လူမရွေး..."

            ဒိုင်း!..

              ဧကရာဇ်ပြောနေတုန်းရှိသေး စေစားရာက သေနတ်ဖြင့်ထိုလူ့ခေါင်းတည့်တည့်ကိုကျည်ဆန်ထည့်ပြီးနေပြီဖြစ်သည်။ ပြီး​နောက်ပြုံးကာ သူ့ရှေ့ကိုလှည့်လာပြီး....

My Bedfellow is My husband (Completed)Where stories live. Discover now