"ပြောသုတ..... ဟိုကောင်လေးအကြောင်းဘာတွေစုံစမ်းရခဲ့လဲ...."အရင်နေ့ Bar က ကိစ္စနှင့်ပတ်သက်ပြီး သူစုံစမ်းခိုင်းထားတာ ၂ရက်နေတော့ သုတကသူ့ကိုအကုန်စုံစမ်းပေးလာသည်။
"ဟုတ်ကဲ့....ကောင်လေးနာမည်က လွမ်းဆွေးမဟာတဲ့....သူတို့အိမ်မှာ မိသားစု သုံးစုနေတယ် Boss..."
"ဟမ်...အဲ့အိမ်သေးသေးလေးထဲမှာလား...."
"ဟုတ်ပါတယ်Boss..."
သုတရဲ့အဖြေကို ဧကရာဇ်ခေါင်းငြိမ့်ပြကာ ဆက်ပြောရန် မေးဆတ်ပြသည်။
"ကောင်လေးရဲ့အားနည်းချက်က..."
"တစ်ခြားနာမည်ပြောင်းခေါ်..."
"ဗျာ...."
"ကောင်လေးဆိုတာ ငါဘဲခေါ်မယ်...မင်းတစ်ခြားနာမည်ပြောင်းခေါ်..."
Boss ကမျက်နှာတည်တံ့စွာအေးစက်စက်ပြောနေသည်ကြောင့် သုတလဲနာမည်ပြောင်းကာပြောလိုက်ရသည်။
"အာ...ဟုတ်...သူ့ရဲ့အင်း...ဟုတ်တယ်...သူ့ရဲ့အားနည်းချက်က သူကိုယ်တိုင်ဘဲ Boss...ဘာလို့လဲဆိုတော့ သူက မွေးရာပါ ရောဂါလို့လဲမခေါ်နိုင်တဲ့ အသားရည်ရောင်ကို အားပြုပေးတဲ့ ဆဲလ်က သေပြီး အသားရည်က အဖြူတိုင်းဘဲ Boss... ဒါပေမယ့် သူ့ရဲ့ ညာဘက်လက်မှာပေါ့ အညိုကွက်ကလေးတွေ နဲနဲရှိတယ်လို့ပြောတယ်....ဒါကလဲ မြင်ဖူးတဲ့သူရှားတယ်တဲ့..."
"ဒါဆို...ဆံပင်ကကောမွေးရာပါပေါ့...ဒါပေမယ့် သူ့ရဲ့မျက်လုံး မျက်ခူံးက မဲနက်နေတာ...မျက်တောင်ဆိုတာကလဲကော့နေတာဘဲ...ဒါကဘယ်လိုဖြစ်တာ..."
ဧကရာဇ် တွေးဆဆဖြင့်ပြောတော့ သုတကခေါင်းကုတ်ကာ.....
"အာ...ဒါကတော့မသိဘူး Boss..ဒါပေမယ့် သူ့ရဲ့အားနည်းချက်အကြီးဆူံးရှိတယ်ဗျ..."
သုတကအားတက်သရောပြောတော့ ဧကရာဇ် မျက်ခူံးပင့်ပြလိူက်သည်။
"ခု သူတို့အိမ်ကအကြွေးနဲ့ ရင်ဆိုင်နေရတာ...တစ်ခါတလေ အကြွေးရှင်တွေကအိမ်မှာလာသောင်းကျန်းကြတယ်လို့ပြောတယ်...အကြွေးးက ခန့်မှန်းခြေ ၁၀၀လောက်ရှိမယ်ထင်တယ်တဲ့...."