Meeting room တစ်ခုတွင် ဆူညံနေသောအသံများ။ ဧကရာဇ်ကတော့ အရှေ့ဆုံးတွင်ထိုင်ကာ ရှေ့မှ စကားများနေသော လူအုပ်စုကိုမျက်နှာသေဖြင့်ကြည့်ကာ ဘာမှမပြောပေ။
"အခု သိန်း၁ထောင်ဆိုတာက ကုမ္ပဏီတွက် အရမ်းကိုထိခိုက်လွန်းတယ်...စလုပ်ထဲက ကုမ္ပဏီအသေးလေးကို အခု ဒီလိုဖြစ်တယ်ဆိုတော့ အန်ကယ်တို့ရှယ်ယာရှင်တွေအနေနဲ့ ထပ်ပီးရင်းထားဖို့ကဘယ်လိုမှမဖြစ်နိုင်ဘူး...."
"အကန့်အသတ်မရှိဘဲပို့ဆောင်ဆက်သွယ်ရမယ့် project ကလဲ တော်တော်ကုန်အုံးမှာ.... အဲ့ဒီ project ကလဲအခုထက်ထိအစတောင်မပျိုးရသေးဘူးမလား....ဝန်ထမ်းတွေကိုဘယ်လိုများအုပ်ချုပ်လို့ အလွဲသုံးစားဆိုတဲ့စကားလုံးထွက်လာရတာလဲမောင်ရင်...."ဧကရာဇ် ထိုလူတို့ပြောသည့်စကားကို မျက်နှာသေနှင့်သာနားထောင်နေသည်။ တကယ်ဆို သူ့တွက်ဒီ လုပ်ငန်းပျက်သွားလဲစိတ်ပူစရာမလို။ တကယ်က ဒီဟာက ဟန်ပြသက်သက်သာ။ သူ့တွင် လုပ်ငန်းကြီးက ရှိသေးသည်။ ဖေဖေချန်ထားခဲ့သည့် Akarit company တွင် သူ့ရဲ့ Limited edition ဖြစ်သော နာရီနှင့် ယောကျာ်းလေးအသုံးဆောင်တို့ကိုထုတ်လုပ်သည့် ကုမ္ပဏီဟာ တစ်လဝင်ငွေ ကဒေါ်လာနှင့်ပင်ဝင်သည်။ ဒါဟာလဲ သူ့တွက်ကမပြောပလောက်ပေ။
"တကယ်လို့..."
ရုတ်တရက်ထပြောလိုက်သည့်ဧကရာဇ်ကြောင့် တစ်ခန်းလုံးတိတ်ကျသွားသည်။
"တကယ်လို့....အန်ကယ်တို့က ဒီကုမ္ပဏီကို ဒီပီုက်စံလောက်လေးနဲ့ ဆုံးရှုံးမယ်လို့ထင်ရင် ရှယ်ရာတွေပြန်ထုတ်သွားနိုင်ပါတယ်...ဒါပေမယ့် ဒီကုမ္ပဏီကထွက်သွားတာနဲ့ ပြန်ဝင်မလာနိုင်တော့တာသိမှာပါ...ဒါက မဲဆွယ်တာမဟုတ်ဘူးနော်.... အန်ကယ်တို့သိမှာပါ တခြားကုမ္ပဏီတွေထက် ကျွန်တော်တို့ကုမ္ပဏီက ပိုပြီးအမြတ်ရတာကို အဲ့တော့ သုတ..."
"ဟုတ်ကဲ့...."
"အခု သူတို့လိုချင်တဲ့ ရှယ်ယာတွေကို ပြန်ပေးလိုက်....ပြီးရင်နာမည်တွေကိုဖြတ်ထားပါစာရင်းတစ်ခါထဲလုပ်...ပြီးတာနဲ့ ရှယ်ယာရှင်အသစ်ပြန်ခေါ်မယ်...."