"မာမီ....အဲ့အကောင်ကိုဘယ်ချိန်မှနှင်ထုတ်မှာလဲလို့....လီလီစိတ်မရှည်တော့ဘူး..."
ဆူအောင့်ကာ ကုတင်ပေါ်ဝုန်းခနဲထိုင်ချလိုက်သည့် လီလီ့ကိုကြည့်ကာ ဒေါ်ထိပ်ထားပါစိတ်ရှုပ်သွားရသည်။ သူက ဒီကောင်မလေးနဲ့ သူ့သားကိုသဘောတူတယ်ဆိုတာက ဒီကောင်မလေးနဲ့သာ လက်ထပ်လိုက်ရင် သားက သူ့ဆီအလိုလိုပြန်ရောက်လာပြီး သူ့နဲ့တူတူ UK မှာ အခြေ ချစေချင်တာကြောင့်ပေ။ သူသာ လီလီ့အဖေနဲ့မယူခဲ့ရင် သူလဲ သူ့သားနဲ့ဝေးရမည်မဟုတ်ပါ။ လီလီ့ ဖခင်ကိုချစ်လွန်းလို့သာလိုက်ခဲ့ပေမယ့် သူ့သားကိုတစ်ရက်လေးမျှမေ့မရခဲ့ပေ။ လီလီ့ရဲ့ ဖခင်ကလဲ သတောတူနေသည်ကြောင့် သူလဲအလိုက်ထိုက်လေးနေနေခဲ့တာပင်။ သူ့သဘောနဲ့သူဆိုရင်တော့ သူ့သားကို ဒီကောင်မလေးနဲ့သဘောမတူချင်ပါ။ သို့ပေမယ့် ဟိုကောင်လေးကိုလဲ သူသဘောမကျပေ။ သဘောမကျရသည့်အကြောင်းကတော့ ယောကျာ်းလေးဖြစ်နေတာကြောင့်နဲ့ ရောဂါရှိနေသည်ကြောင့်ပင်။
"ကဲပါသမီးရယ်...မာမီကအားလုံးအဆင်ပြေအောင်လုပ်ပေးမှာမို့ စိတ်မပူနဲ့နော်...ကဲ.. မာမီ အခန်းထဲသွားတော့မယ်...ပင်ပန်းလှပြီ..."
ဒေါ်ထိပ်ထား စကားစကိုဖြတ်ကာ အခန်းထဲကထွက်သွားသည့်တောင် လီလီစိတ်တိုင်းမကျသေးပါ။ ဒီအဘွားကြီးက သူ့သားကို နိုင်မယ်ထင်လို့ လီလီခေါ်လိုက်မိတာ မှားပြီထင်သည်။ လီလီ ဘယ်လိုနားချချ ရှောင်လဲသွားတတ်သေးသည်။ သူ့ဒယ်ဒီကြောင့်သာမဟုတ်ရင် ဒီဘွားတော်ကလဲ ဒီပုတ်ထဲက ဒီပဲပင်။ ဒီလိုနဲ့ထိုင်စဥ်းစားနေရင်း သူ သူ့သူငယ်ချင်းပြောထားသည့်အကြောင်းရာတစ်ချို့ကို သတိရသွားကာ မဲ့ပြုံး ပြုံးလိုက်သည်။ ဒီဘွားတော်ကြီးက မနိုင်မှတော့ လီလီကဘဲ ဖြစ်ချင်တာကိုလုပ်ရတော့မှာဘဲ။ ထို့နောက် ဖုန်းထုတ်ကာ နံပါတ်တစ်ခုကိုနှိပ်လိုက်တော့ တ တူတူနှင့်ဝင်သွားပြီး ခနအကြာ တစ်ဖက်မှ ဖုန်းကိုင်လာသည်။
"Hello..sweety LiLi...How are you.."
တစ်ဖက်မှ ခပ်ြ သြ သယောကျာ်းသံကြောင့် လီလီပြုံးလိုက်မိသည်။
"I'm Good...ရောဘတ်...လီလီမေးစရာရှိလို့..."
"အို့...မေးလေ...ဘာသိချင်တာတုန်း မင်းသမီးလေးက..."