အပိုင်း (၁၂)Uni+Zaw

8.8K 398 10
                                    

            မနက်ခင်း လွမ်းနိုးနေကျအချိန်ရောက်တော့ မျက်လုံးကပုံမှန်တိုင်းပွင့်လာသည်။ ရုံးပိတ်ရက်ဖြစ်သည့်အတွက် ထစရာတော့မလိုပေ။ ခါးထက်မှတင်းကြပ်စွာ ရစ်ပတ်ထားသည့်လက်တစ်ဖက်ကိုကြည့်မိတော့ ပြုံးမိပြန်သည်။ အခုဆိုရင် မောင်နဲ့ တူတူတစ်ခန်းထဲနေရသည်မှာ ၂ပတ်ပင်ပြည့်ခဲ့ပြီ။ မဆလီနာလဲ အိမ်ကိုရောက်သည်မှာ ၂ပတ်ပြည့်ပြီ။ ဒီတောတွင်း နေရတာအဆင်မပြေပေမယ့် မောင့်ဧည့်သည်ဖြစ်နေတာကြောင့် လွမ်းပြောလို့လဲမရပေ။ ယောကျာ်းလေးနှစ်ယောက်နေသည့်အိမ်ဖြစ်သည့်အတွက် မိန်းကလေးတစ်ယောက်ရှိနေတာ အနေခက်လှသည်။ တစ်ခါတစ်လေ မဆလီနာက မောင့်အခန့်ထဲကို လက်လွတ်စပယ်ဝင်တတ်တာကြောင့် အခက်တွေ့ရပြန်သည်။

          ဒေါက်...ဒေါက်...ဒေါက်...

             တွေးနေရင်း တံခါးခေါက်သည့်အသံကြောင့် လွမ်း မောင့်လက်ကိုအသာဖယ်ကာ တံခါးသွားဖွင့်တော့ ထုံးစံတိုင်း မဆလီနာပင်။

             "ဘာလို့လဲဟင်..."

           ဆလီနာရှေ့က ဆံပင်အဖြူရောင်များဖရိုဖရဲ ဖြစ်ကာနေသည့်ကောင်လေးကိုကြည့်ကာ စိတ်ပျက်မိသွားသည်။သူဒီကောင်လေးကိုဘယ်လိုလုပ်မှထွက်သွားတော့မှာလဲမသိပေ။

             "တို့သွားစရာရှိတယ်...တို့ကိုမနက်စာပြင်ပေးပါ..." 

              "ဟုတ်...ကျွန်တော်အခုဘဲ မျက်နှာသစ်ပြီးလာခဲ့ပါ့မယ်..."

                 လွမ်းစကားမဆုံးခင် လှည့်ထွက်သွားသည့်သူကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။ မနက်စာကိုတော့ ပြင်ပေးပါ ဆိုသည့် စကားကြောင့် မောင်က သိပ်သဘောမကျပေမယ့် လွမ်းအတွက်အပန်းမကြီးတာကြောင့် လုပ်ပေးဖြစ်သည်။ ခုလဲမျက်နှာသစ်ကာ  မောင့်ကိုနိုးပြီးမှ ေအာက်ထပ်ကိုဆင်းရန်တွေးလိုက်သည်။

               "မောင်...မောင်...ထတော့နော်..၇နာရီထိုးနေပီ..မနက်စာစားပီးမှအိပ်ပါလားဟင်..."

            လွမ်း မောင့်ကိုယ်ကို လှုပ်ကာနှိုးလိူက်တော့ မောင်က အင်းဆိုကာ ထပြီး ရေချိုးခန်းထဲဝင်သွားသည်။ လွမ်းလဲ တွန့်ကျေနေသော ေစာင်ကိုခေါက်ကာ အောက်ထပ်ကိုဆင်းလာတော့ မီးဖိုချောင်ထဲတွင် ဖုန်းသုံးနေသော မဆလီနာကိုတွေ့လိုက်သည်။ မဆလီနာက ထမင်းကြောမစားတာကြောင့် သူ့တွက်ကိုသီးသန့်လုပ်ပေးရသည်။ မောင့်တွကိ ထမင်းကြမ်းကို ကြော်နေသည့်အချိန် မဆလီနာတွက် Sandwich လုပ်ပေးရသည်။ မဆလီနာက အရင်နေ့တွေက ငရုတ်သီးမစားဘူးဟုဆိုသောကြောင့် ဟင်းတွေကိုလဲ အစပ်လျော့ချက်ရသည်။

My Bedfellow is My husband (Completed)Where stories live. Discover now