အပိုင်း(၉) Uni+Zaw

10.1K 350 0
                                    

              

Warning 🔺🔺🔺🔺

"ကိုသုတ... ဒါလေးကြည့်ပါအုံး ဒီမနက်မှ သတင်းကတက်လာတာ...."

                Boss ကဒီနေ့ Akarit Company တွင် သွားမည်ဆိုတာကြောင့် ဝင်ပို့ပီး သူက Company အသေးလေးကို လာရသည်။ Boss ကသူမရှိလဲ အတွင်းရေးမှူးမလိုပင်။ သူကိုယ်တိုင် Boss သူကိုယ်တိုင် အတွင်းရေးမှူး လက်ထောက် အကုန်လုပ်နိုင်သည်။ သုတလာသည့် Rit Company လေးက ကုန်တင်ကုန်ချနဲ့ အစားသောက်လုပ်ငန်းဖြစ်သည့်အတွက် Akarit လောက်တော့အလုပ်ကမများပေ။ သို့ပေမယ့် သူ့ဟာနှင့်သူတော့ အလုပ်ကမအားပေ။

             သုတ သူ၏လက်ထောက်ဖြစ်သော မိနွယ်၏ Laptop မှ မြင်နေရသော သတင်းကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။

        "Akarit Company နှင့် Rit Company ဟာ ပိုင်ရှင်တစ်ယောက်ထဲ ဖြစ်ကြောင်းနှင့်...

          Akarit Company ပိုင်ရှင်ဟာ Gay ဖြစ်ကြောင်းနှင့် သူ၏ ပါတနာနှင့် Gay Bar တွင် မဖွယ်မရာပြုနေသည့်ပုံများ" ဟူ၍ပုံနှင့်တကွ တက်လာခဲ့သည်။ ကြည့်နေသည့် Viewer တွေလဲမ​ျားသလို Share များကလဲ ထောင်ကျော်သည်။ ပုံကိုသေချာကြည့်လိုက်တော့ ဟုတ်သည်။ သူ၏Boss ပင်။ သို့ပေမယ့် Boss ပေါင်ပေါ်ခွထိုင်နေသည့် ကောင်လေး၏ပုံကိုတော့ဝါးထားသည်။

             "အဲ့ကိစ္စတွက် Boss နဲ့တိုင်ပင်ပြီး ကိုယ်ဆက်ပြောမယ်.... လောလောဆယ် အလုပ်ကိုသွားလုပ်လိုက်ပါ..."

                မိနွယ်ပြန်သွားတာနှင့် Boss ကိုဖုန်းဆက်လိုက်ပြီး အကျိုးကြောင်းပြောပြလိုက်သည်။

          "ရှယ်ယာရှင်တွေအကုန်လုံး ဒါတွေကိုရှင်းပေးဖို့ပြောနေကြပါတယ် Boss...ပြီးတော့ Gay တစ်ယောက်ရဲ့ Company မှာလဲ ရှယ်ယာမထားချင်ဘူးပြောနေပါတယ်...."

           "သတင်းစာရှင်းလင်းပွဲလုပ်ဖို့ မနက်ဖျန်စီစဥ်လိုက်ပါ...ပြီးတော့ သုတ..."

   
             "ဟုတ်ကဲ့ Boss.."

           "ငါ့အထင် ဂိုဏ်းနဲ့ ကုမ္ပဏီကိစ္စနဲ့ဆက်စပ်နေမယ်လို့ထင်တယ်...ကုမ္ပဏီနှစ်ဖက်လုံးက ဒီရက်ပိုင်း ဒီလပိုင်း ဝင်လာတဲ့ ဝန်ထမ်းအသစ်တွေနဲ့ပတ်သက်ပြီးစုံစမ်းပါ...တက်လာတဲ့ပုံတွေက လွန်ခဲ့တဲ့တစ်လလောက်က ပုံတွေလို့ထင်တယ်အဲ့တော့ မင်းဆက်စုံစမ်းထားပါ...ညနေ ငါ့ကိုလာကြိုစရာမလိုဘူး ငါ ဂိုဏ်းကိုပစ္စည်းသွားစစ်စရာရှိတယ်..."

My Bedfellow is My husband (Completed)Where stories live. Discover now