အပိုင်း (၁၇)Uni+Zaw

7.4K 349 7
                                    

        "A....Wolf ဂိုဏ်းက ခေါင်းဆောင်တွေ့ခွင့်တောင်းနေပါတယ်ဗျ...."

        ဧကရာဇ် ဂိုဏ်းတွက် ရိပ်ခါလာပို့ရင်း ဂိုဏ်းသားတစ်ဦးရဲ့လာပြောသည့်စကားကြောင့် တစ်ချက်ကြောင်အသွားရသည်။ The Wolf ဂိုဏ်းက မြန်မာနိုင်ငံတွင်အခြေ ချမည်ဟုသတင်းကြားပေမယ့် သူနဲ့မဆိုင်သလိုသာနေခဲ့သည်။ ခုတော့ သူ့ကိုတောင်တွေ့ခွင့်တောင်းနေပါရောလား။

         "ဝင်ခဲ့ခိုင်းလိုက်ပါ.....သူ ဝင်ပြီးတာနဲ့မင်းတို့လက်နက်အပြည့်စုံနဲ့ကိုယ်ဆီ အဆင်သင့်နေထားပါ....လူဆိုတာမပြောနိုင်ဘူး....Linnရော ဘယ်ရောက်နေတာလဲ....."

          "သခင်လေးက တစ်ဖက်အခန်းမှာရှိပါတယ်...ဂိုဏ်းမှာကျန်နေသေးတဲ့ ပစ္စည်းတွေအပြီးပို့ဖို့စစ်ဆေးနေတာပါ...."

         "ကောင်းပြီ....မင်းတို့ အလုပ်ဆက်လုပ်ကြပါ...."

        ထိုဂိုဏ်းသားထွက်သွားတာနှင့် ဧကရာဇ်တစ်ဖက်ဆိုဖာတွင်ထိုင်ကာ လာမည့်လူကိုစောင့်နေလိုက်သည်။

         "Hay!.....မတွေ့တာတောင်ကြာပြီနော်...."

        ဝင်လာသည့် Wolf ခေါင်းဆောင်ကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်သည်။ အရင်လို ဟိတ်ဟန်ကြီးနှင့်မဟုတ်ဘဲ ကျောပိုးအိတ်အပြာလေးကိုလွယ်ကာ ဂျင်းဘောင်းဘီ ဒူးပေါ်နှင့် ဟူဒီ နီညိုရောင်ကိုဝတ်ဆင်ထားကာ မျက်မှန်ဝိုင်းလေးကလဲတပ်ထားသေးသည်။ ဘယ်သူဘဲ ကြည့်ကြည့် ဒီကောင်လေးဟာ ဂိုဏ်းတစ်ခုလုံးကိုဦးဆောင်နေသည့်လူလို့မထင်နိုင်ပေ။

          စေစားရာ A နှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာ ပြုံးပြလိုက်တော့ ထိုလူက မျက်နှာသေနှင့်သာစိုက်ကြည့်နေသည်။

          "ဘာကိစ္စလဲ...."

          "မဟာမိတ်ဖွဲ့မယ့်ကိစ္စပါ....ဘယ်လိုလဲ...."

          "ကိုယ်ဂိုဏ်းကို ဖျက်သိမ်းတော့မှာ...."

         "What!...တကယ်ကြီးလား....ခက်ခဲမယ်ထင်တယ်..."

        စေစားရာအပြောကို ဧကရာဇ်ခေါင်းငြိမ့်ပြလိုက်သည်။

        "ကျွန်တော်ဒီဘက်ကိုအိမ်ပြောင်းလာခဲ့တာ...တကယ်ကိုနေရာကောင်းလေးအဟင်း...."

My Bedfellow is My husband (Completed)Where stories live. Discover now