"shit..... ငါလိုးဘဲ...ဟျောင့်မင်းပါးစပ်အားနေရင် ငါ့လီးလာစုပ်ထားလိုက်ဟျောင့်...."
ဧကရာဇ်မင်းထင်ရဲ့စကားကြောင့် ရှေ့မှဒေါသတကြီးရပ်နေသည့် ဒေါနက အပြေးလာကာ သူ့ကိုထိုးရန်ပြင်တော့သည်။ ဧကရာဇ်ကလဲ မူးနေသည့်အရှိန်နှင့်မို့ မရှောင်လိုက်နိုင်ကာ သသူ့ပါးတစ်ဖက်ကတော့ပူခနဲဖြစ်သွားကာ ပါးစောင်ပါကိုက်မိပြီး ပါးစပ်မှသွေးများပင်ထွက်လာသည်။ ဒေါသဘာကြောင့် ဒေါသကြီးနေလဲသူသိပါသည်။ အဘယ်ကြောင့်ဆိုသော် ဒေါနရဲ့ လက်ရှိရီးစားက ဧကရာဇ်ကို ကြိုက်နေတာကြောင့် ဒေါနနှင့်ဖြတ်ကာ ဧကရာဇ်ဆီရောက်လာခြင်းပင်။ သို့ပေမယ့် ဧကရာဇ်လက်မခံခဲ့ပါ ။ သို့ပေမယ့်ထိုမိန်းကလေးဟာ ဧကရာဇ်နားဘဲဝဲလည်ခတ်ကာ ဧကရာဇ်ဘယ်သွားသွားရှိနေတတ်သည်။ သူ့နားမရှိသည့်အချိန်က ဧကရာဇ် Companyတွင်ရှိသည့်အချိန်ပင်ဖြစ်သည်။ ထိုအရာကိုဒေါနက မကျေနပ်သဖြင့် သူအလုပ်အားလို့ Bar ထိုင်သည့်အချိန်တွင် ဘလိုင်းကြီးရန်လာစတာဖြစ်သည်။ အစကတော့ ဘာမှမပြောဘဲ လှည့်ပြန်ဖို့လုပ်ပေမယ့် မူးနေသည့်အရှိန်ဖြင့် ပါးစပ်ကပြောမိပြောရာပြောလိုက်သည်။
"ဟာ...အကိုတို့...မလုပ်ပါနဲ့..."
ဧကရာဇ် ပြန်ထိုးရန်ပြင်လိုက်တော့ Bar တွင်ရှိသသည့်လုံခြုံရေးများက သူတို့နှစ်ယောက်ကိုအတင်းဆွဲကာ တားကြသည်။"ဟေျာင့်ဧကရာဇ်...ငါနဲ့မင်းနဲ့မကျေသေးဘူး..."
"အချိန်မရွေးဘဲဟျောင့်...တစ်ခုပြောလိုက်မယ်...မင်းရဲ့ကောင်မ မပြောနဲ့ ဘယ်ကောင်မ မှကြိုက်တဲ့ကောင်မဟုတ်ဘူး...မင်း ကောင်မလို စားပြီးသားဆို ငါကပိုတောင်ရွံသေးတယ်..."
ထိုသို့အနိုင်ပိုင်းကာ နောက်ကိုလှည့်မကြည့်ဘဲ ကားထားရာနေရာသို့ ပြန်လာလိုက်သည်။ နောက်မှဆိုဆဲသံကြားရပေမယ့် သူ့အခြေနေကမဟန်တော့ပေ။ ဒီနေ့သူတော်တော်သောက်မိလိုက်ပြီဘဲ။ ပြီးနောက် မူးနေသည်ကြောင့် အိမ်ပြန်ရန်အဆင်မပြေတော့ပေ။ ထို့ကြောင့်သူ ဒီညကားထဲမှာသာအိပ်ရန်တွေးလိုက်သည်။ မနက်ရောက်မှ အိမ်ဝင်ပြီး အဝတ်စားလဲကာ Company. သွားရတော့မည်။ မဟုတ်လဲ သူ့ကိုအိမ်မှာစောင့်နေမယ့်သူရှိမှမရှိဘဲ။ မာမီကလဲ နောက်အိမ်ထောင်နှင့် UK မှာအခြေကျနေသည်။ ဒယ်ဒီကတော့ လွန်ခဲ့တဲ့နှစ်နှစ်ကတင် ကင်ဆာကြောင့်ဆုံးသွားတာဖြစ်သည်။