ဒီနေ့ ရုံးဖွင့်ရက်ဖြစ်တာကြောင့် မနက်စောစောမောင့်တွက်မနက်စာကိုပြင်ပေးကာ အပေါ်ကိုတက်လာခဲ့သည်။ အခန်းထဲရောက်တော့ မောင်ကအဝတ်စားပင်လဲပြီးနေပြီဖြစ်သည်။
"ပြီးရင်မနက်စာစားရအောင်မောင်..."
"အင်းး..Morning kiss လေးပေးလို့ရမလား..."
မောင့်ရဲ့စကားကြောင့်လွမ်းပြုံးလိုက်ကာမောင့်ရဲ့ပါးပြင်ထက်ကိုအနမ်းချွေလိုက်ပြီးခွာမယ့်အချိန် မောင်ကလွမ်း၏လည်တိုင်လေးကိုဆွဲယူကာ နှုတ်ခမ်းကိုမွတ်သိပ်စွာနမ်းပြန်သည်။ အချိန်တစ်ခုကြာလာသည်နှင့်အမျှလွမ်း အသက်ရှူကြပ်လာတာကြောင့်မောင့်ရင်ဘတ်ကိုတွန်းတော့ အသာတကြည်လွှတ်ပေးလာသည်။
"လာ...သွားရအောင်..."
လွမ်း၏ပုခုံးကို ဖက်ကာလှေကားအတိုင်းဆင်းလာပြီး မီးဖိုခန်းထဲဝင်တော့ မဆလီနာက ထမင်းစားပွဲတွင်ထိုင်ကာ စားနေသည်ကြောင့် လွမ်းလဲ မောင့်တွက်ထမင်းကြော်ကိုပန်းကန်ထဲထည့်ကာ မောင့်နားချပေးလိုက်ပြီး အအေးခံထားသည့် ကော်ဖီကိုပါ ချပေးလိုက်သည်။ ပြီးမှ လွမ်းတွက်ထည့်ကာ ထိုင်လိုက်သည်။
"ဒီနေ့ မာမီလာမယ်လို့ပြောတယ်ကိုကို..."
ဧကရာဇ် စားနေလျက်စကိုချကာ ဆလီနာကိုကြည့်လိုက်သည်။ လွမ်းကတော့ အခြေနေကိုကြည့်နေရုံသာ။
"ဘယ်လိုဖြစ်တာလဲ...ကိုယ့်ကိုတောင်ဖုန်းမဆက်ဘူး..."
"ဟုတ်တယ်...ဒယ်ဒီတော့မပါလာလောက်ဘူး....ဘယ်ချိန်လာမလဲတော့မသိဘူး..."
"အင်း...ကိုယ်နေ့လည်ပြန်လာမယ်...လွမ်း...ကိုယ်သွားတော့မယ်..."
ထမင်းကို သေချာမစားဘဲ ရုံးသွားရန်ပြောသည့်မောင့်ကြောင့် လွမ်းလဲစားလက်စကိုချကာ မောင့်နောက်လိုက်သွားရသည်။
"လွမ်း...မောင်အလုပ်တွေအမြန်လုပ်ပြီးလာမှာမို့်လို့...မင်းအိမ်မှာဘဲစောင့်နေနော်..."
"ဟုတ်...လွမ်း မောင့်အကြိုက်တွေချက်ထားမယ်..."
"အင်း...လိမ္မာတယ်ကိုယ့်ကောင်လေးက..."