"ငါအလုပ်လုပ်ရမှာ Gay bar လို့တော့မပြောနဲ့နော်...."
မဟာ မျက်လုံးလေးပြူးကာပြောတော့ ဇေယျာက ရီကျဲကျဲလုပ်ကာ ခေါင်းငြိမ့်ပြသည်။ ဟုတ်သည်လေ သူ့အတွက်အလုပ်ရပြီဆိုပြီး ဝမ်းသာအားရလာပြောသည့် ေဇယျာကို အလုပ်နာမည်ကော ဘယ်နေရာလဲဆိုတာကိုပါမေးလိုက်တော့ အခု လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ပြင်ဦးလွင်မှာပထမဆုံးဖွင့်တဲ့ Candy Gay Bar တဲ့လေ။
"ငါလဲလုပ်ချင်တာကွ...ဒါပေမယ့်အခုအလုပ်က ထွက်လို့အဆင်မပြေဘူးဖြစ်နေတာ...ပြီးတော့ လစာလဲကောင်းတယ်ပြောတယ်..."
ဇေယျာ့အပြောကို မဟာ တုန့်မပြန်နိုင်သေးပေ။ သူဒါကိုလုပ်နိုင်ပါ့မလား။မေမေက သူ့ရဲ့ချိုယွင်းချက်ကြောင့် အပြင်အလုပ်ကိုတော်ရုံမလုပ်ခိုင်းပေ။ သူလဲ လူတွေရဲ့ အမြင်တွေကို မနှစ်သက်တာကြောင့် မလုပ်ခဲ့တာပေ။ အခုတော့ သူ့အမရဲ့ကောင်းမှုကြောင့် ထွက်မလုပ်လဲမရတော့ပေ။ သူမျက်နှာမကောငိးတာမြင်တော့ ဇေယျာက သူ့ကိုကြည့်ကာ အလေးနက်ပြောလာသည်။
"မဟာ.... မင်းဘာကိုကြောက်နေလဲငါသိတယ်....ဒါပေမယ့် အခုက မင်းမထွက်လို့အဆင်မပြေတာမင်းသိတယ်မဟုတ်လား...အဲ့တော့ ဒီတစ်နှစ်လေးကို အားမွေးလိုက်ပါကွာ....ငါနဲ့ ညနေလိုက်ခဲ့.... "
ဇေယျာပြောပြီးပြန်သွားတော့ မဟာထိုနေရာကမထရရသေးပေ။ သို့ပေမယ့်လဲ ထိုင်နေလို့မဖြစ်သေးပေ။ မေမေနဲ့ ဖိုးနဲ့ဖွားကိုတိုင်ပင်သင့်တာတိုင်ပင်ရအုံးမည်။
"အို...မလုပ်ရပါဘူး...သူတို့ယူထားတဲ့အကြွေး သူတို့ဟာသူတိူ့ ဆပ်ပါစေ...ဘာကိစ္စငာ့မြေးကဆပ်ရမှာလဲ...ငါ့မြေးက သူများရဲ့အလုပ်မှာလဲ မလုပ်ဖူးဘဲနဲ့...."မေမေကဘာမှဝင်မပြောပေမယ့် အဖိုးနဲ့အဖွားကတော့ လုပ်ဖို့ရန်ခွင့်မပြုပေ။
"ဒါပေမယ့် ဖွားရယ်...သားကလေ ဒီအိမ်ကိုအဆုံးရှုံးမခံနိုင်ဘူးဖွားရဲ့...."
"လုပ်ခိုင်းလိုက်ပါမေကြီးရယ်...မဟုတ်လဲ ငုဝါသားလေးကအတွေ့ကြုံရတာပေါ့...သား အရမ်းကြီးဖိအားးမယူရဘူးနော်...ဒီအိမ်ဆုံးလဲဘာဖြစ်လဲ အမေ အလုပ်လိုက်ပြီး သားတို့ကိုရှာကျွေးနိုင်ပါသေးတယ်....."