အပိုင်း (၈) Uni+Zaw

10.7K 412 4
                                    

  ၅လကြာပြီးနောက်......

                 လွမ်းဒီအိမ်မှာ မောင်နဲ့တူတူနေရသည်မှာ ၅လပင်ပြည့်ခဲ့ပြီ။ အတိကျပြောရလျှင် ၅လနှင့်၃ရက်။ ဒီ၅လတွင်းမောင်ဟာ လွမ်းအပေါ်တကယ်ကိုကောင်းခဲ့သည်။ မောင်နဲ့လွမ်းနဲ့ ဆက်ဆံရေးဟာလဲ အရင်လို မေးထူးခေါ်ပြော မဟုတ်ဘဲ ရင်းရင်းနှီးနှီးရှိလာခဲ့ပြီဖြစ်သည်။ မောင်နဲ့တူတူ ဆက်ဆံရသည်ကိုလဲ လွမ်းနေသားကျလာပြီ။ မောင့်အပေါ်မှာလဲ အရောင်စိုးတတ်ခဲ့ပြီ။ ဟုတ်ပါသည်။ လွမ်း မောင့်ကိုချစ်မိနေပါပြီ။ အမြဲတမ်း မပြုံးမရယ်နှငိ့ နေတတ်သည့်မောင့်ကို။ အမြဲတမ်း ခပ်တည်တည်နှင့် စကားကို လိမ့်ပတ်လည်အောင် မပြောတတ်သည့်မောင့်ကိုသူ ချစ်မိနေခဲ့ပါသည်။ သို့ပေမယ့် သူဟာ မောင်နဲ့ စာချုပ်တစ်ခုရဲ့ဆက်ဆံရေးဘဲမဟုတ်လား။ သူလောဘ တက်မိရင် မောင်ဘဲပင်ပန်းရမည်။

              "အဟမ်း...အဟမ်း...".

            လွမ်းတွေးနေရင်း အိမ်ရှေ့တံခါးမှချောင်းဟန့်သံကြောင့်ကြည့်လိုက်တော့ Linn။ လွမ်းလဲ ဝမ်းသာအားရပြေးသွားလိုက်သည်။

                 "Linn...ကျွန်တော်က ပျင်းနေတာ...."

              Linn က လွမ်းထက် တစ်နှစ်ကျော်ကျော်မျှကြီးပေမယ့်။ ကိုထည့်ပီး မခေါ်ရန် Linn ကပြောသည်။ ကိုထည့်ပြီး ခေါ်လျှင် သူ့အသက်ကိုသတိရလို့တဲ့လေ။

               "အမယ်...ယူ့ မောင်ကကော ဘယ်မှာတုန်း..."

                "မောင်က ဒီနေ့ အလုပ်ပိတ်တယ်ဆိုတော့ အခန်းထဲမှာနေမယ်...ကျွန်တော်က ပျင်းလို့ အလုပ်လဲမရှိတော့ထိုင်နေတာ...Linn ထိုင်နေအုံးလေ...ကျွန်တော် မောင့်ကိုသွားခေါ်ပေးမယ်..."

              ပြောပြီး အပေါ်ကိုတက်သွားသောကောင်လေးကိုကြည့်ကာ Linn ပြုံးလိုက်မိသည်။ ကောင်လေးက Linn ထက် အရပ်ရှည်ပြီး ကိုကိုရဲ့ ခန္ဓာကိုယ်နဲ့ မတိမ်းမယိမ်းပင်။ သို့ပေမယ့်ကောင်လေးက တစ်ဦးတည်းသောသားဆိုသည့် ဂုဏ်ပုဒ်နှင့်အညီ အကိုမရှိလို့ဆိုပြီး Linn ကိုချွဲချင်သည်။ Linn က ဧကရာဇ်ကို ချွဲ ကြည့်ပါလားဆိုတော့ မျက်နှာလေးငယ်စွာ ပြောသည်က ကြောက်တယ် တဲ့လေ။ ဆံပင်ရှည်များကိုခါယမ်းအောင်ပြေးတက်နေသော ကောင်လေးကိုကြည့်ပီး ဧကရာဇ်ကိုတွေးမိကာ သက်ပြင်းချလိုက်မိသည်။ တစ်ယောက်ကလဲ မောင့်မျက်နှာတစ်ကမ္ဘာ တစ်ယောက်ကလဲ ရေခဲတုံးဖင်ခုထိုင်ထားသည့် နှစ်တစ်ထောင် fa ကောင်။ အင်း...ဇာတ်လမ်းကတော့ လှအုံးမှာပါလေ။

My Bedfellow is My husband (Completed)Where stories live. Discover now