စတိုးဆိုင်ရောက်တော့ ဧကရာဇ် ဘယ်လိုမေးဝယ်ရမလဲမသိပေ။ ဆိုင်ကလဲ အမျိုးသမီးဝန်ထမ်းများသာရှိသောကြောင့်ပို၍ပင်အခက်တွေ့နေရသည်။ သုတကိုကြည့်တော့လဲ သုတက အနေရခက်နေသည့်ဟန် မျက်မှောင်ကြုံ့ကာနေသည်။
"ဘာများအလိုရှိလို့လဲရှင့်...."
ဝန်ထမ်းမလေး၏အမေးကို ဧကရာဇ် ချောင်းတစ်ချက်ဟန့်ကာ ဖြေလိူက်သည်။
"အဟမ်း...ဟို အမျိုးသမီးလစဥ်သုံးရှိလား..."
"ဟုတ်ကဲ့ရှိပါတယ်ရှင့်...ဒီဘက်ကြွပါရှင်...."
ဝန်ထမ်းမလေး ခေါ်ဆောင်ရာနေရာကိုလိုက်လာခဲ့တော့ အမျိုးစားပေါင်းများစွာရှိသည့် လစဥ်သုံးများကိုတွေ့ရသည်။
"ဘယ်အမျိုးစားယူမလဲမသိဘူး..."
"ကိုယ်မသိဘူး...ဘယ်အမျိုးစားကကောင်းလဲ တစ်ချက်ညွှန်ပေးမလား..."
"ဟုတ်....ဒီမှာတင်ထားတာအကုန်ကသူ့ဟာနဲ့သူကောင်းတယ် ကျမကတော့ ဒါလေးညွှန်းချင်တယ် သူကတော်တော်များများသုံးကြတယ်...."
အပြာရောင်အထုတ်ကိုမှ လိပ်ပြာပုံစံရှိနေသောအရာကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ သို့ပေမယ့်လဲ အဆင်ပြေမပြေ မသိတာမို့ ဧကရာဇ်လဲ တန်းပေါ်မှာစီထားသည့်လစဥ်သုံးများကိုယူရန်စဥ်းစားလိုက်သည်။
"ဒီအတန်းမှာရှိတဲ့ဟာအကုန်ယူမယ်..အဲ့တာလေးထုတ်ပေးပါ...."
"ရှင်!...ဟို ဒီအတန်းကရှိသမျှလစဥ်သုံးထုတ်အကုန်လုံးလားရှင့်..."
"ဟုတ်တယ်...မရှင်းလို့လား..."
"ဟို...ဟုတ်ကဲ့ ဟုတ်ကဲ့...ခနလေးစောင့်ပါနော်..."
ဝန်ထမ်းမလေးထွက်သွားပြီး သုတဘက်လှည့်ကြည့်တော့ သုတက မျက်လုံးပြူးကာ သူ့ကိုကြည့်နေသည်။
"Boss...လစဥ်သုံးတွေပြန်ရောင်းဖို့လား..."
သုတမေးတော့ Boss က အနေရခက်ဟန် မျက်နှာလွှဲသွားကာ ကောင်တာတွင် ပိုက်စံရှင်းပြီး ကားနားလာပို့ပေးရန်ပြောပြီးထွက်သွားတာကြောင့် သုတလဲ ဝန်ထမ်းမလေးတွေကိုစောင့်ကာ ပြီးမှကားပေါ်တက်လာကာ ထွက်လိုက်သည်။