အိမ်ပြန်လမ်းတွင် လွမ်းကောမောင်ကော စကားတစ်ခွန်းမျှမပြောမိကြချေ။ မောင်ကတော့ လက်တစ်ဖက်ကကားမောင်းကာ တစ်ဖက်က လွမ်း၏ညာဘက်လက်လေးကိုကိုင်ကာ အသာယာပွတ်သပ်နေသည်။ မောင့်ရဲ့အေးစပ်စပ်မျက်နှာက အခုနလက်ထပ်ခွင့်တောင်းခဲ့တာသူမဟုတ်သည့်နှယ်။ သို့ပေမယ့် မောင့်မျက်ဝန်းတွေကတော့ပျော်နေသည်ဆိုတာကိုဖေါ်ပြနေပါသေးသည်။ လွမ်းကကော....လွမ်းကတော့ မောင့်ရဲ့ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းနဲ့တင် ကျေနပ်နေခဲ့ပါပြီ။
Ringing.......
ဖုန်းသံကြားတာကြောင့် မောင်ကလွမ်းလက်ကိုလွှတ်ကာ ဖုန်းကိုင်သည်။
"ဟယ်လို Linn..."
"အင်း....ကိုယ်လာခဲ့မယ်...Linn ဖြစ်နိုင်ရင် လွမ်းကိုအဖော်ပြုပေးနိုင်မလား...အိမ်မှာသူတစ်ယောက်ထဲမို့...."
ဧကရာဇ် ဖုန်းချပြီး လွမ်းကိုကြည့်လိုက်တော့ လွမ်းက သူ့ကိုကြောင်တောင်တောင်လေးကြည့်နေသည်။
"ကိုယ်အလုပ်ကိစ္စလေးပေါ်လာလို့...လွမ်းကိုအိမ်မှာချပေးခဲ့မယ်...Linn လာလိမ့်မယ်....ဖြစ်နိုင်ရင် ဆလီနာနဲ့မတွေ့မိအောင်နေလိုက်. လွမ်းကိုသူဘာလုပ်အုံးမလဲမသိနိုင်လို့...."
"ဟုတ်...ရပါတယ် မောင်သွားလေ...လွမ်းလိမ်လိမ်မာမာနဲ့နေခဲ့မယ်..."
"အင်း...လွမ်း ဆလီနာက ကိုယ့်ဧည့်သည်မို့လို့ဆိုပြီး သည်းခံစရာမလိုဘူး...သူကိုယ့်ကို ပြန်လုပ်ရင်တော့ ခုခံရမှာဘဲ...အပြစ်ဆိုတာ ယောကျာ်းလေးမို့ မိန်းကလေးမို့ဆိုပြီးမခွဲသင့်ဘူး... "
လွမ်းရဲ့ ဟုတ်ဆိုသည့်အသံကြားမှ မောင်က ကားကိုစထွက်သည်။ ပြီးနောက် အိမ်ရောက်သည်နှင့် မောင်က မှာစရာရှိတာမှာပြီး ကားပြန်ထွက်သွားပြန်သည်။
ဧကရာဇ်ကတော့ လွမ်းကိုမထားခဲ့ချင်ပေမယ့် ဂိုဏ်းကပစ္စည်းပို့ဖို့ သူရှိမှဘဲရမည်။ ဒီတစ်ခေါက်ပို့ပြီးတာနဲ့ နောက်တစ်ခေါက်ဆို သူတို့ဆီကလက်နက်တွေကုန်ပြီဖြစ်သည်။ ပြီးတာနှင့် ဒီတရားမဝင်လုပ်ငန်းတွက် ပြည်သူတစ်ယောက်အနေနှင့် တာဝန်ကျေရပေအုံးမည်။