စေစားရာ ပျင်းနေတာကြောင့် ကိုကို့ဆီသွားဖို့ နာရီကိုကြည့်တော့ ညနေ၃နာရီပင်ရှိသေးသည်။ ထို့ကြောင့် ရေမိုးချိူးပြီး ကိုကို့အိမ်ဘက် သွားတော့ ခြံထဲတွင် ကိုကို့ကိုမတွေ့ဘဲ ကောင်မလေးတစ်ယောက်ကိုတွေ့သည်။ ထိုကောင်မလေးကတော့ သူ့ကိုမမြင်ဘဲ ပါဆယ်ဘူးကို အလောတကြီးဖောက်နေသည်။ စေစားရာလဲ လှမ်းခေါ်လိုက်သည်။
"ဒီမှာ ဒီမှာ...."
စေစားရာလှမ်းခေါ်တော့ ထိုကောင်မလေးက မျက်မှောင်ကြုံ့ကာကြည့်လာပြီး ဖွင့်နေသည့်ပါဆယ်ဘူးကို လက်ထဲကိုင်လာသည်။
"ဘာလဲ..."
"ဟို...ကိုလွမ်းဆွေးမဟာရှိလားဟင်...သူနဲ့တွေ့ချင်လို့ပါ..."
ဆလီနာ ရှေ့က ကောင်လေးကိုကြည့်လိုက်ကာနှာခေါင်းရှုံ့လိုက်သည်။ စေစားရာကတော့ ထိုကောင်မလေး၏ အမူရာကိုကြည့်ကာ စိတ်ပျက်သွားပေမယ့်အတတ်နိုင်ဆုံးပြုံးထားလိုက်သည်။
"အဲ့ကောင်ရဲ့အမျိုးလား...သူမရှိဘူး.. ဆေးရုံသွားတယ်..."
"ဟင်...ဘာဖြစ်လို့လဲ....သူတစ်ခုခုဖြစ်လို့လား...."
"မသိဘူး...ဘာတွေအလုပ်ရှုပ်နေမှန်း...နင်လဲ လုပ်စရာမရှိရင်ပြန်တော့...ခြံရှေ့မှာရှုပ်ရှုပ်ရှက်ရှက်နဲ့...."
ပြောပြီး အထဲဝင်သွားတဲ့ ကောင်မလေးကိုကြည့်ကာ စေစားရာ စိတ်ထဲမျက်ခနဲဒေါသထွက်သွားရသည်။ ဒီမိန်းကလေးနဲ့ ကိုကိုနဲ့ကဘယ်လိုတွေပက်သတ်တာလဲ။သေချာတာကတော့ ကိုကိုနဲ့ဒီမိန်းကလေးဟာ လုံးဝကိုကွာခြားသည်။ ဒီမိန်းကလေးဟာရိုင်းဆိုင်းပြီး ကိုကိုကတော့ခင်ဖို့ကောင်းသည်။ စေစားရာလဲ ဆက်မတွေးတော့ဘဲ ပြန်ထွက်မည်အပြု သူ့ရှေ့တွင်ကားတစ်စီးကရပ်လာကာ ကားထဲမှ ကိုကိုကထွက်လာပြီး ခြံတံခါးဖွင့်ရန်သွားနေသည်ကြောင့် စေစားရာလှမ်းအော်လိူက်သည်။
"ကိုကို...."
လွမ်း မောင်နဲ့ ဆေးရုံကပြန်လာပြီးအိမ်ရှေ့အရောက် ခေါ်သံကြေါင့် လှည့်ကြည့်လိုက်တော့ ရာရာ။ လွမ်းလဲ ပြုံးလိုက်ကာ သူ့ဆီသွားလိုက်တော့ကောင်လေးက ပြုံးပြလာသည်။
![](https://img.wattpad.com/cover/365066993-288-k977503.jpg)