လွမ်း ဘုရားရှိခိုးပြီး ခနကြာအောင် ဘုရားခန်းထဲထိုင်နေမိသေးသည်။ဘုရားရှိခိုးတာ ၁နာရီလောက်ကြာသွားတာမို့ ခြေထောက်က ကျဥ်နေသည်မှာ ထလို့ပင်မရပေ။ ခြေဖဝါးလေးတွေကို ဖိနှိပ်ပေးပြန်တော့လဲ ထိမရအောင်ကျဥ်နေတာကြောင့် ထိုင်နေသည်မှာ ၁၀မိနစ်ပင်ရှိနေပြီဖြစ်သည်။ ထိုင်နေ၍လဲမဖြစ်တာကြောင့် ထကာ အပြင်ထွက်မည်အပြု တစ်ဖက်ခန်းမှ ဧကရာဇ်က အခန်းထဲမှထွက်လာသည်ကိုမြင်သည်ကြောင့် သူလဲခြေလှမ်းအမြန်လှမ်းလိုက်သည်။ သို့ပေမယ့် ခြေထောက်က နင်းလိုက်တိုင်း ကျဥ်နေသည်မို့ လိုရာကိုမရောက်နိုင်။
"ဘာဖြစ်လို့လဲ...."
ခြေထောက်ထော့နဲ့ထော့နဲ့ ဖြစ်နေသည့်ကောင်လေးကိုကြည့်ကာ စိုးရိမ်ပြီးအနားသွားလိုက်တော့ ေကာင်လေးးက ခေါင်းခါပြသည်။
"ဘုရားရှိခိုးတာ ကြာသွားတော့ ခြေထောက်ကျဥ်နေတာ အဲ့တာ မောင့်ကိုမြင်တာနဲ့ လာလိုက်တာ...."
မောင်ဆိုသည့်နာမ်စားကြောင့် ဧကရာဇ် ခေတ္တမျှငြိမ်သွားသည်။ ထိုကောင်လေးက သူငြိမ်သွားသည်ကြောင့် ထင်သည်...သူ့ရဲ့မျက်နှာကိုအကဲခတ်နေလေရဲ့။
"ဟို.... မောင်လို့ခေါ်ခိုင်ထားတော့ အဲ့လိုခေါ်လိုက်တာ...အဆင်မပြေလို့လားဟင်...."
"အာ...မဟုတ်ပါဘူး...လာသွားရအောင်..."
ဧကရာဇ် ကောင်လေးရဲ့ခါးကိုဖက်ကာ ေလှကားမှအောက်သို့ ဖြေးဖြေးချင်းဆင်းလာလိုက်သည်။ ထမင်းစားခန်းထဲရောက်တော့ ေကာင်လေးက စားပွဲကိုလက်ထောက်ကာ ခနမျှနေပြီး ထော့နဲ့ထော့နဲ့ ဖြင့်ဟင်းတွေကိုနွှေးနေပြန်သည်။ဧကရာဇ်လဲ ကောင်လေးနားသွားကာ ဟင်းများကိုကူနွေးပေးလိုက်သည်။ ပြီးနောက်ဟင်းများကိုကူချကာ ထမင်းခူးပြီး ကိုယ်စီထိုင်ကြတော့သည်။
"လွမ်းက ဘာချက်ရမှန်းမသိလို့...မောင်အဆင်ပြေရဲ့လား...."
လွမ်း ပြောပြောဆိုဆို ဟင်းခပ်ကာ ထမင်းဖြူပေါ်တင်ပေးလိုက်တော့ မောင်က မျက်နှာတည်လေးနှင့်လွမ်းထည့်ပေးသည့် ဟင်းကိုဖဲ့ကာစားသည်။ပြီးနောက် အရသာခံကာ ဘာမှမပြောဘဲ ဆက်စားနေတာကြောင့် လွမ်းမှာမေးချင်စိတ်များပြည့်နှက်နေသည်။ ထမင်းဟင်းချက်တာ ပထမဆုံးအချိန်မဟုတ်ပေမယ့် မောင်ချက်တာနဲ့ မတူမှာကိုစိုးရိမ်မိခြင်းသာ။ လွမ်း ထမင်းမစားဘဲ မောင့်ကိုကြည့်နေမိသည်ကို မောင်ကမြင်တော့ လက်ထဲမှဇွန်းကိုချကာ ဘေးမှရေခွက်ကိုယူကာ သောက်လိုက်သည်။