ဒေါက်...ဒေါက်...ဒေါက်...."ဘယ်သူလဲ..."
"ကျွန်တော်ပါ Boss...ဟို...ကိုလွမ်းဆွေးမဟာကတွေ့ခွင့်တောင်းနေလို့ပါ...."
ဧကရာဇ် စာရင်းလုပ်နေရင်း တံခါးတစ်ဖက်မှ သုတ၏စကားကြောင့် ပြုံးလိုက်ပြီး....
"ဝင်ခဲ့ခိုင်းလိုက်..."
ထိုသို့ပြောပြီး မျက်နှာကိုအတတ်နိုင်ဆုံးတည်ထားကာ မျက်လုံးက ရှေ့မှ Laptop ပေါ်တွင်သာထားလိုက်သည်။ သူပြောပြီးမကြာ တံခါးဖွင့်လာတာကြောင့် ထိုသူကိုလှမ်းကြည့်လိုက်သည်။ အရင်နေ့များလို ဆံပင်ကိုချမထားဘဲ ဆံပင်ကိုအပြောင်သိမ်းကာ စည်းထားသည်။ ဟူဒီ အကျီအမဲကိုမှ အောက်ပိုင်းတွင် ဂျင်းအမဲဖြင့်ဝတ်ထားသည်ကြောင့် လူငယ်ဆန်လှသည်။
"အို့...တစ်ရက်..မဟုတ်ဘူး....၁၂နာရီဘဲရှိသေးတယ်ထင်တယ်ပြောခဲ့တာ...ခုမင်းက ကိုယ့်ရှေ့တောင်ရောက်နေပါရောလား..."
မဟာ ရှေ့ကလူရဲ့စကားကိုပြန်မဖြေမိပေ။ သူလဲအခက်ခဲနဲ့မဟုတ်လား။ ဧကရာဇ်ကတော့ ာ့မဲ့ပြုံးပြုံးက. ရှေ့က ဆိုဖာတွင်ဝင်ထိုင်ရန် ပြောသည်။
"ထိုင်ပါ...ဆွေးနွေးကြတာပေါ့..."
မဟာ ထိုလူပြောသညိ့အတိုင်း ဆိုဖာတွင်ဝင်ထိုင်တော့ ထိုလူကလဲ မဟာဘေးတွင်အတင်းတိုးကာဝင်ထိုင်သည်။ ဒီလောက်နေရာအများကြီး ရှိနေတာတောင်မှလေ။ မဟာ ထိုလူ့ကိုမော့ကြည့်လိုက်တော့ ထိုလူက သူမဟုတ်သလို မျက်နှာတတည်ဖြင့်သာ....။
"ဟို...နေရာအများကြီးလေ...ခင်များ..."
"ဧကရာဇ်မင်းထင်!"
"ဟမ်!"
မဟာစကားပြောနေရင်း ဖြတ်ကာပြောလာသည့်သူကြောင့် ထိုလူ့ကိုမျက်လုံးများဝိုင်းကာကြည့်မိသည်။ ထိုလူကလဲမိမိကိုကြည့်နေသည်ကြောင့် မဟာမျက်နှာလွှဲသွားရသည်။
"ကိုယ့်နာမည်က ဧကရာဇ်မင်းထင်...."
အော်...သူ့နာမည်ကိုမိတ်ဆက်ပေးနေသည်ဘဲ။ ဒါကိုလန့်အောင်လုပ်နေသေးသည်။