၆နှစ်ကြာပြီးနောက်တွင်.....
"အမေနဲ့မေမေ....ဘာတွေလုပ်နေတာလဲ...ဒါတွေကသားလုပ်နေကျရပါတယ်ဗျ..."
လွမ်း မီးဖိုခန်းထဲတွင် ချက်ပြုတ်နေကြသော မေမေနှင့် အမေ့ကိုကြည့်ကာပြောလိုက်ပြီး မီးဖိုခန်းထဲသို့ဝင်လာသည်။ လွမ်းကိုမြင်တော့ မေမေကပြုံးပြကာ.....
"ဒီမယ်လေ ဝါဝါက သူ့သမက်အကြိုက်တွေချက်ချင်တယ်ဆိူလို့လေ..."
မောင့် မေမေက လွမ်းမေမေ၏ ငုဝါဆိုသည့်နာမည်ကိုအဖျားဆွတ်ကာ ဝါဝါဟုခေါ်သည်။ လွန်ခဲ့တဲ့ တစ်နှစ်က အဖွား က အမတို့စိတ်နဲ့ဘဲ တမလွန်သို့ထွက်ခွာသွားခဲ့ရသည်။ အဖိုးကလဲ အဖွားစိတ်ကြောင့်ဘဲ အဖွားဆုံးပြီး တစ်လအကြာမှာ အဖိုးလဲဆုံးသွားခဲ့သည်။ အမတို့လင်မယားကိုတော့ သွေးသားသံယောဇဥ်ဖြတ်ကာ အမေကိုယ်တိုင်နှင်ထုတ်ကာ တစ်ယောက်ထဲအိမ်တွင်နေသည်။ ထိုအရာကိုလွမ်းက စိတ်မချသည်ကြောင့် ခြံကိုပြန်အပ်ကာ အိမ်ကိုတော့အိမ်ငှားထားခဲ့ကာ လွမ်းတို့နဲ့တူတူလာနေစေသည်။ မောင့်မေမေကလဲ လိုလိုလားလားနှင့်လက်ခံကာ အဖော်ရ၍ပျော်တောင်ပျော်နေသေးသည်။ မောင့်မေမေကတော့ လွန်ခဲ့တဲ့၆နှစ်ထဲက အဖြစ်ပျက်ဆိုးကြီးပြီးသည်နှင့် ခင်ပွန်းနှင့်ကွာရှင်းကာ လွမ်းတို့နဲ့တူတူလာနေသည်။
"ဟွန့်...အမေတို့များနော်...သူ့သမက်ကိုကဲသဲလိုက်တာ....ဘယ်သူက အမေ့သားလဲဆိုတာသတိကောရသေးရဲ့လား..."
"အမလေးတော်...တော့်အကြိုက်တွေက တော့်မေမေကလုပ်ပေးထားပါတယ်နော်...တကယ်တည်း လူမှားနေကြသလားဘဲ...."
အမေ့အပြောကို မေမေက ရယ်သည်။ (အမေဆိုတာ လွမ်းရဲ့အမေပါ..မေမေဆိုတာက ဧကရာဇ်ရဲ့မေမေပါ)
"ဒါတော့ကွယ် တို့က တို့သမက်လေးကိုပိုချစ်တာကိုးလို့...."
အမေနဲ့ မေမေစကားပြောနေသည်ကို လွမ်းပြုံးကာကြည့်နေလိုက်သည်။ ဒီ၆နှစ်တွင်း တော်တော်ကိုပြောင်းလဲသွားခဲ့သည်ဘဲ။ မောင်ကတော့အရင်တိုင်းမပြောင်းလဲပေ။ လွမ်းကိုချစ်မြတ်နိုးပေးတာကော လွမ်းချစ်တဲ့ မျက်နှာသေလေးနှင့်နေတာကော။ လွမ်းကကော.... လွမ်းကတော့ပြောင်းလဲသွားသည်။ လွမ်း၏အရင်ကဆံပင်အဖြူရောင်အရှည်ကြီးကို ဂုတ်ထောက်သည်ထိညှပ်ချကာ ခုခေတ် Tomboy များလိုဆံပင်ဖြစ်နေပြီဖြစ်သည်။ လွမ်း ဆံပင်များညှပ်တုန်းက လွမ်း မောင့်ကိုခွင့်မတောင်းခဲ့မိပေ။ ထိုအရာကိုမောင်သိတော့ ထုံးစံတိုင်း မျက်နှာသေလေးနှင့်နေပေမယ့် ညအိပ်ချိန် လွမ်းအိပ်နေသည့် ချိန်တွင် လွမ်း၏ တိုနေသောဆံပင်များကိုကြည့်ကာ ငိုနေသည်တဲ့လေ။ လွမ်းမှာ မနည်းကိုပြန်ချော့လိုက်ရသေးသည်။