"ဆလီနာ... ဘယ်လိုဖြစ်ပြီးရောက်လာရတာလဲ...."
မောင်နဲ့ ခုနအမျိုးသမီးက ဧည့်ခန်းထဲတွင်ထိုင်ကာ စကားပြောနေသည်ကြောင့် လွမ်း မီးဖိုချောင်ထဲဝင်ကာ သောက်ဖို့ ကော်ဖီပြင်ပေးရသည်။ အိမ်ထဲဝင်ဝင်ချင်းမောင့်ကို နမ်းလိုက်သည့်ပုံစံကို လွမ်းမျက်လုံးထဲကမထွက်ပေ။ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အတင့်ရဲလိုက်လေခြင်း။ ပြီးတော့ ဒီအိမ်မှာနေမည်ဆိုဘဲ။ အထုတ်အပိုးတွေနှင့်ရောက်လာသည့် အမျိုးသမီးကိုလွမ်းမကြိုက်ပေမယ့် လွမ်းအိမ်မှ မဟုတ်ပါလေ။ မောင်နဲ့ ဘယ်လိုပတ်သက်လဲဆိုတာလဲ မသိတော့ လွမ်းစိတ်ပူနေမိသည်။
လွမ်း မောင့်တွက်black coffeeနှင့် ဟိုအမျိုးသမီးတွက် ရှိသည့်ကော်ဖီထုတ်ကိုဖျော်ကာ ယူသွားပေးလိုက်သည်။
"သုံးဆောင်ပါအုံးဗျ..."
လွမ်းပြုံးကာချပေးလိုက်တော့ ထိုအမျိုးသမီးက လွတ်သွားတဲ့လွမ်းရဲ့ အကျီလက်ရှည်မှ လက်ကောက်ဝတ်ကိုတွေ့တော့ နှာခေါင်းရှုံ့ကာ....
"ရပြီ...တို့မသောက်တော့ဘူး...ဒါနဲ့ ဒီက ကိုကို့အိမ်ကအလုပ်သမားလား...တို့အိတ်တွေကို ကိုကို့အခန်းဘေးကအခန်းမှာသွားထားပေးပါ...."
"ဟုတ်ကဲ့ဗျ..."
လွမ်း ဆလီနာဆိုသည့် အမျိုးသမီးရဲ့ခရီးဆောင်အိတ်ကိုလက်လှမ်းလိုက်စဥ်...
"နေပါစေလွမ်း...."
မောင်ကလွမ်းကို တစ်ချက်ကြည့်ကာ အကြည့်လွှဲသွားပြီးဆလီနာဘက်လှည့်ကာ မောင့်မူပိုင်ပုံစံတိုင်း ပြောလာသည်။
"ဆလီနာ...လွမ်းက ကိုယ့်အိမ်ကအလုပ်သမားမဟုတ်ဘူး...လွမ်းက ကိုယ့်အိမ်သား အဲ့တော့ မင်းပါလာတဲ့အိတ်ကို မင်းကိုယ်တိုင်သွားထားပါ...ဒီအိမ်မှာနေတဲ့သူတွေက ကိုယ့်အားကိုဘဲ ကိုးစေချင်လို့ အိမ်အကူတောင်ကိုယ်မငှားထားဘူး...အဲ့တော့ မင်းပါလာတဲ့အိတ်ကို မင်းကိုယ်တိုင်ထားပါ မင်းကို ဧည့်သည်ခန်းထဲမှာ စီစဥ်ပေးမယ်..."
ကိုကို့အပြောကြောင့်ဆလီနာမျက်နှာပျက်သွားပေမယ့် အတတ်နိုင်ဆုံး ပြုံးပြလိုက်သည်။